မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီ သွင်းကုန် ကားဝန်းအတွင်းသို့ MNDAA ၊ TNLA နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့၊ကုန်တင်ယာဉ် ၁၂၀ ခန့် မီးလောင်ပျက်စီး


မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီ သွင်းကုန် ကားဝန်း အတွင်းသို့ MNDAA ၊ TNLA နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် Drop Bomb များဖြင့် ပစ် ချတိုက်ခိုက်ခဲ့ကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ယင်းကြောင့် ကားဝင်းအတွင်း ရပ်နားထားသည့် မော်တော်ယာဉ်များပေါ်သို့ ဗုံးသီး များ ကျရောက်ပေါက်ကွဲမှု ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးမှတစ်စီး ဆက်လက် လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်များ အသုံးပြုကာ မီးငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အနီးဝန်းကျင်ရှိ လုံခြုံ ရေးတပ်ဖွဲ့ဝင်များမှလည်း အလျင်အမြန်သွားရောက်ပူးပေါင်းကာ မီးငြှိမ်းသတ်ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
MNDAA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများ၏ ယခု အကြမ်းဖက်လုပ်ရပ်ကြောင့် ကားဝင်းအတွင်းရပ်နားထားသည့် သွင်းကုန်မော်တော် ယာဉ် ၂၅၈ စီးရှိသည့်အနက် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ် အထည်နှင့် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၁၂၀ စီးခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွား ဘဝ များစွာ ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့ရကြောင်းသိရသည်။
ယင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး ကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post