AA ထံ သွားတဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်မတော် PDA ရဲဘော် ၆ ဦးကို စစ်ကောင်စီ ထောက်လှမ်းရေးများအဖြစ် စွပ်စွဲ၍ NLD ဇော်ဇော်အောင်နဲ့ မျိုးဇော်အောင် ဦးဆောင်တဲ့ ကောလင်းပကဖနဲ့ PDF ပူးပေါင်းအဖွဲ့(KIA/PDF)ကဖမ်းဆီး နှိပ်စက်နေကြောင်း သိရ


စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲမှာ ရှိသော AA အဖွဲ့ထံ သွားရောက်ခဲ့သည့် ပြည်သူ့ဒီမိုကရက်တစ်တပ်မတော် PDA ရဲဘော် ၆ ဦးဖြစ်တဲ့ သစ္စာ၊ ဧက၊ ပိုင်ပိုင်၊ နောင်ရိုး၊  M4 ၊ ကျောက်ဘီလူးတို့ကို စက်ကလေးတလက်၊ M16A4 တလက်၊ Types 81 တလက်၊ AK 47 တလက်၊ Glock တလက်၊ ကျည်ဆံ ၆၀၀ နဲ့အတူ NLD ဇော်ဇော်အောင်နဲ့ မျိုးဇော်အောင်၊ ဒေါင်းတိုး ဦးဆောင်တဲ့  ကောလင်းပကဖနဲ့ PDF ပူးပေါင်းအဖွဲ့(KIA/PDF)က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အတင်းအဓမ္မ  ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ကောင်စီ၏ ထောက်လှမ်းရေးများ အဖြစ် စွပ်စွဲ၍ ရက်စက်စွာ နှိပ်စက်နေကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရပါတယ်။

အဆိုပါလုပ်ရပ်အား ပြည်သူ့ဒီမိုကရက်တစ်တပ်မတော် PDA မှ NUG ထံ စာပို့တိုင်ကြားခဲ့သော်လည်း အရေးတယူဆောင်ရွက်ပေးခဲ့ခြင်း မရှိကြောင်းလည်း PDA ထံမှ သိရသည်။

NLD အမတ်ဟောင်း မျိုးဇော်အောင်နှင့် ဇော်ဇော်အောင်တို့သည် KIA တပ်မဟာ ၈ဌာနချုပ်မှာ PDF မြောက်ပိုင်းတိုင်းအဖြစ် ဖွဲ့စည်းနေထိုင်ခဲ့ပြီးနောက် ကောလင်းမြို့အား မြို့သိမ်းတိုက်ပွဲ ခေါင်းစဥ်တပ်၍ ဖျက်ဆီးခဲ့ရာတွင် ဦးဆောင်ပါ ဝင်ခဲ့သည့် အကြမ်းဖက်သမားများပင် ဖြစ်သည်။

#Mawshan Myay Media

Post a Comment

Previous Post Next Post