ဂါလံ ၅၀ ထက်ကျော်သော ရေနံထွက်ပစ္စည်းများ သိုလှောင်/သယ်ယူပါက အရေးယူခံရမည်ဟုထုတ်ပြန်


ရေနံထွက်ပစ္စည်းများကို လိုင်စင်မရှိဘဲ ဂါလံ (၅၀) ထက် သိုလှောင်ခြင်း၊ သယ်ယူခြင်းများ ပြုလုပ်ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ထိုသို့အရေးယူမှုကို ဒီဇင်ဘာလ (၁၀) ရက်နေ့မှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး တရားဝင် လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းများကို ဂါလံ (၅၀) ထက် သိုလှောင်ခြင်း၊ သယ်ယူခြင်း စစ်ဆေးတွေ့ရှိပါက သိန်း (၅၀) ထိ ငွေဒ ဏ် သို့မဟုတ် ထောင်ဒဏ် (၁)နှစ်ချမှတ်ခံရမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာပစ္စည်းများကို ပြည်သူပိုင်ဘဏ္ဍာအဖြစ် သိမ်း‌ဆည်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန ၊ လုပ်ငန်းတာဝန်များအရ လုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်း၊စောင့်ကြည့်ထိန်းသိမ်းခြင်း၊ကြီးကြပ်စိစစ်ဆေးခြင်းများ ဆောင်ရွ က်လျက်ရှိရာ နောက်ဆက်တွဲပါ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်း၌ သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် သိုလှောင်ခြင်းပြုလုပ်လိုသူသည် စုစုပေါင်း ဂါလန် (၅၀) ထက်ပိုမိုထားရှိပါကလိုင်စင်ရယူရမည်ဖြစ်ကြောင်းသိရသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post