AA အဖွဲ့အတွင်းသို့ ရခိုင်လူမျိုးများဝင်ရောက်လာမှုမရှိသဖြင့် မွတ်ဆလင်ကျေးရွာများတွင် မက်လုံးပေး၍ လူသစ်စုဆောင်းနေ


ရသေ့တောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာဖြစ်သော ဝက်မကျကျေးရွာ စာသင်ကျောင်းသို့ ယနေ့ နေ့လယ်ပိုင်းတွင် ULA/AA ရခိုင်-မွတ်ဆလင် ချစ်ကြည်ရေးတာဝန်ခံ ဒုဗိုလ် အကာနှင့် နယ်မြေမှူး၊ စည်းရုံးရေးမှူးများ ပါသောအဖွဲ့ ရောက်ရှိလာပြီး အဆိုပါကျေးရွာနှင့် ခေါင်းကြီးကျေးရွာမှ မွတ်ဆလင်များကို အစည်းအဝေးခေါ်ယူ၍ လူသစ်ရရှိရေးစည်းရုံးခဲ့သည်ဟု ဝက်မကျရွာသားတစ်ဦးက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် နယ်မြေမှူးနှင့် စည်းရုံးရေးမှူးများက မွတ်ဆလင်ရွာတစ်ရွာလျှင် လူငယ် ၁၅ ဦး AA အဖွဲ့အတွင်း မဖြစ်မနေဝင်ရောက်ရန် လာရောက်ပြောကြားခြင်းဖြစ်ပြီး စာရင်းရရှိသည်နှင့် ၄၅ ရက် သင်တန်းပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ရခိုင်နိုင်ငံထူထောင်ပြီးပါက AA အဖွဲ့အတွင်းရှိ မွတ်ဆလင်များကို ရခိုင်နိုင်ငံသားဖြစ်ရေး အခွင့်အရေးများအပြင် နယ်မြေဒေသအသီးသီးတွင် ရဲအဖြစ် ဆက်လက်တာဝန်ပေးသွားမည်ဟု ပြောကြားပြီး ပြန်လည်ထွက်ခွာသွားသည်ဟု သတင်းပေးပို့ခဲ့သည်။

AA အဖွဲ့အနေဖြင့် လူသစ်ရရှိရေး တိုင်းရင်းသားကျေးရွာများတွင် အတင်းအဓမ္မလူသစ်လိုက်လံစုဆောင်းနေသော်လည်း အခြေအနေကိုသိသည့် လူငယ်အများစုမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယခုအခါ မွတ်ဆလင်ကျေးရွာများတွင် မက်လုံးပေး၍ လူသစ်စုဆောင်းခြင်းများပြုလုပ်ပြီး ထိုသို့လုပ်ဆောင်မှုမှာ နောင်တစ်ချိန်တွင် ဖြေရှင်းရခက်သော ပြဿနာများဖြစ်ပွားလာနိုင်သည်ဟု ရခိုင်တိုင်းရင်းသားဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

#MayYuHtarNay
https://t.me/newsmayyu/10111

Post a Comment

Previous Post Next Post