MNDAA ရဲ့ အဓမ္မလူသစ်စုဆောင်းမှု၊ နေအိမ်တွေမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို စိတ်ကြိုက် လုယူနေတဲ့အပြင် အနိုင်ကျင့်ဗိုလ်ကျနေတာတွေကြောင့် ဒေသခံပြည်သူတွေ အကြီးအကျယ်ဒုက္ခရောက်နေ


ပန်ဆိုင်းမြို့ပေါ်မှာ MNDAA အကြမ်းဖက်အဖွဲ့တွေက သူတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပြီး ပြည်သူလူထုကို အနိုင်ကျင့်နေပါတယ်။ အထူးသဖြင့် ပန်ဆိုင်းမြို့ပေါ်မှာနေတဲ့ ဒေသခံမိသားစု တစ်ခုမှာ သားသမီး ၂ ယောက်ရှိရင် ၁ ယောက် မဖြစ်မနေ MNDAA အဖွဲ့ထဲကိုဝင်ရမယ်ဆိုပြီး အတင်းအဓမ္မလူသစ်စုတာတွေလုပ်နေပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးနေတဲ့ ဒေသခံတွေကို ၁၅ ရက်အတွင်း ပန်ဆိုင်းမြို့ရှိ ၎င်းတို့ရဲ့နေအိမ်တွေကို အရောက်ပြန်လာဖို့ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေပါတယ်။ ဒါဟာ တပ်မတော်က တန်ပြန်တိုက်ခိုက်လာတဲ့အချိန် လူသားဒိုင်းအဖြစ် ဆောင်ရွက်ဖို့ဖြစ်သလို တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ၎င်းတို့စစ်သည်တွေ နေရာမှာ အင်းအားဖြည့်တင်းဖို့အတွက် လူသစ်ကို အတင်းအဓမ္မ စုဆောင်းနေတာ ဖြစ်ပါတယ်။ 

Post a Comment

Previous Post Next Post