တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူ AA ခဲဝါများ အချိန်မီဆေးဝါးကုနိုင်ခြင်းမရှိသဖြင့် သေဆုံးသူများလာ


ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသည့် တိုက်ပွဲများတွင် ထိခိုက် ဒဏ်ရာရရှိသူ AA ခဲဝါများကို အချိန်မီဆေးဝါးကုသပေးနိုင်ခြင်းမရှိသဖြင့် အသက်သေဆုံးမှုများ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်…
“အချို့က ဒဏ်ရာပြင်းထန်လို့ ဆေးရုံတွေမှာ စက်ကိရိယာတွေနဲ့ သေချာစစ်ဆေးကုသဘို့လိုအပ်တယ်လေ… အချိန်မီမရောက်တာရော မြို့ပေါ်က ဆေးရုံတွေမှာ ကုသဘို့ကလည်း မဖြစ်နိုင်တော့ အသက်ဆုံးရှုံးသွားကြ တာ…သူတို့ကုသဘို့ အခွင့်အလမ်းရှိတဲ့ တစ်ချို့ဆေးရုံတွေမှာကလည်း ဆရာဝန် တွေက ကြောက်လန့်ပြီးထွက်ပြေးကုန်တော့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေ ရတာဘဲ”လို့ ကူညီရေးအသင်းတစ်ခုက တာဝန်ရှိသူတစ်ဦးကပြောဆိုပါတယ်…
AA ခဲဝါအဖွဲ့ဟာ တိုက်ပွဲအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် ဆေးရုံများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာပြီးနောက်ပိုင်း အချို့ဆေး ရုံများရှိ ကျန်းမာရေးဝန်ထမ်းများဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်…

Post a Comment

Previous Post Next Post