AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ မဝင်ရန် ပြောကြားသည့် မွတ်ဆလင်တစ်ဦးကို AA က ဖမ်းဆီးသွား


ဘူးသီးတောင်မြို့နယ်၊ ဆေးအိုးကျကျေးရွာအုပ်စု၊ သဇင်တောရွာနေ အသက်(၄၁)နှစ်အရွယ်ရှိ ဟာရှိမ်း ဆိုသူအား ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ULA/AA ဒုနယ်မြေမှူး မောင်မောင်ချေနှင့်အဖွဲ့က ဖမ်းဆီးသွားပြီး  စက်လှေ ၁ စီးဖြင့် ဆင်ခုန်တိုင်ရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း ရွာသားများထံက သိရှိရသည်။

ဟာရှိမ်းမှ ၎င်းတို့ကို အမျိုးမျိုးနှိပ်စက်ပြီး ရိက္ခာနှင့် ဆက်ကြေးတောင်းနေသည့် AA အဖွဲ့အတွက် အသက်အသေခံပေးရန်မလိုသဖြင့် မဝင်ကြရန်၊ မွတ်ဆလင်များအနေဖြင့် ကိုယ့်မိသားစုအတွက်သာ စီးပွားရှာကြရန် ပြောဆိုသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ၎င်း၏မိတ်ဆွေများက ပြောကြားခဲ့သည်။

AA အဖွဲ့အနေဖြင့် လူသစ်ရရှိရေး တိုင်းရင်းသားကျေးရွာများတွင် အတင်းအဓမ္မလူသစ်လိုက်လံစုဆောင်းနေသော်လည်း တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရများပြားမှု အခြေအနေကိုသိသည့် တိုင်းရင်းသားလူငယ်အများစုမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် မွတ်ဆလင်များကို မက်လုံးပေး၍ တစ်ရွာလျှင် ၁၅ ယောက် မဖြစ်မနေပေးရန် အတင်းအဓမ္မလူသစ်လိုက်လံစုဆောင်းလျက်ရှိသည်။

#MayYuHtarNay

Post a Comment

Previous Post Next Post