မူးယစ်ဆေးနဲ့ စီးပွားရှာနေတဲ့ AA


===============
ရှမ်းပြည်နယ်တောင်းပိုင်း၊ ရွာငံမြို့နယ်မှာ မူးယစ်ဆေးတွေ အမြောက်အမြားဖမ်းမိရာကနေ‌ ဖော်ထုတ်ဖမ်းဆီးရာမှ ပြည်ပသို့ပို့ဆောင်မယ့် ကျပ် ၅၁ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် ၂ တန်ကျော်၊ ကဖင်း ၈၀၀ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်...ဖမ်းဆီးရမိသူများရဲ့ ဝန်ခံထွက်ဆိုချက်အရ AA သောင်းကျန်းသူအဖွဲ့က ဗိုလ်မှူးကြီးအဆင့်ရှိသူရဲ့ စီမံခန့်ခွဲမှုဖြင့် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်...ဖမ်းဆီးရမိတဲ့သူတွေထဲမှာလည်း AA အဖွဲ့မှာ ရာထူးအဆင့်အတန်းအမျိုးမျိုးနဲ့ တာဝန်ထမ်းဆောင်နေတဲ့သူတွေလည်း ပါဝင်နေပါတယ်...

ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် AA အဖွဲ့ဟာ ငွေရလွယ်လုပ်ငန်းဖြစ်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးခြင်း လုပ်ငန်းကို တစိုက်မတ်မတ်လုပ်ကိုင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်...AA အဖွဲ့ကဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ယောက်က ဦးစီးလုပ်နေတာလို့ ဖမ်းမိသူတွေက ထွက်ဆိုခဲ့ပေမဲ့ အမှန်ကတော့ AA ခေါင်းဆောင်တွေဖြစ်တဲ့ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်တို့ရဲ့ မူးယစ်ဆေးရောင်းစားမှုပဲ ဖြစ်ပါတယ်...ဒီလောက်များတဲ့ ငွေကြေးပမာဏနဲ့ တပ်ဖွဲ့ဝင်တွေကို အသုံးပြုဖို့ဆိုတာ ထွန်းမြတ်နိုင်ရဲ့ ခွင့်ပြုချက်နဲ့မှပဲ လုပ်လို့ရတဲ့ ကိစ္စပါ...

အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာလည်း ပြည်ပကို ပို့ဆောင်မယ့်ဆေးတွေဖြစ်လို့ AA အဖွဲ့ဟာ ပြည်တွင်းမှာသာမက ပြည်ပအထိပါ ပို့ဆောင်နိုင်တဲ့အထိ မူးယစ်ဆေးကို ထုတ်လုပ်ဖြန့်ဖြူးနေပြီး မူးယစ်ဆေးနဲ့ စီးပွားရှာနေတယ်ဆိုတာ သိသာထင်ရှားနေပါပြီ...

Post a Comment

Previous Post Next Post