မြန်မာ့စစ်ရေးဗျူဟာများကိုလေ့လာခြင်း


ယခုမြန်မာ့တပ်မတော်မှာ အတွေ့ရများတာကတော့ ရွမ်းမဲလ်ရဲ့ဗျူဟာနဲ့ ပူတင်ရဲ့ဗျူဟာကို ပေါင်းစပ်ကျင့်သုံးတာ တွေ့ရပါတယ်။

စစ်ကို ဆုတ်လိုက်တက်လိုက် နဲ့ စစ်ကစားတဲ့ဗျူဟာ
စစ်နယ်ဝှမ်းကျယ်အောင် ဆွဲဖြန့်ပြီး ရန်သူကိုအင်အားဖြန့်ခွဲ စစ်ကစားတဲ့ဗျူဟာ
ဆုတ်ယောင်ပြပြီး အပိုင်ကျူံးသွင်းတဲ့ ဗျူဟာများကို
စစ်သူကြီး ရွမ်းမဲလ်က အသုံးပြုလေ့ရှိပါတယ်။

မြန်မာ့စစ်ခေါင်းဆောင်တွေဟာ ဂျာမာန်စစ်သူကြီး ရွမ်းမဲလ်ကို အားကျလေ့ရှိပါတယ်။
စစ်ဦးစီးတက္ကသိုလ်(ဥစတ) တက်တဲ့အပါတ်စဥ်တိုင်း ရွမ်းမဲလ်ရဲ့စစ်နည်းဗျူဟာများ အကြောင်း စာတမ်းပြုစုတာ အတွေ့ရများပါတယ်။

ဒါပေမဲ့ အခြေအနေမတူတာက ရွမ်းမဲလ်က တခြား နိုင်ငံစစ်မြေပြင်မှာ စစ်ကစားတာပါ။
မြန်မာ့တပ်မတော်က
ကိုယ့်မြေကိုယ်ရေ ပေါ်မှာ စစ်ကစားရတော့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ စစ်သည်တွေရဲ့အသက်တွေဘဝတွေ ပေးဆပ်ရတာများပါတယ်။
လိုချင်တဲ့ ရည်မှန်းချက်မရောက်ခင် စစ်တလင်းကျယ်ပြန့်ပြီး စစ်ဘေးဧရိယာနဲ့ စစ်ဘေးဒုက္ခသည်တွေ များပြားတတ်ပါတယ်။

ရွမ်းမဲလ်စစ်ဗျူဟာကို နိုင်ငံတကာစစ်တွေမှာ အသုံးများပြီး
ပြည်တွင်းစစ်တွေမှာတော့ ကြိုတင်ကာကွယ် ခြေမှုန်းခြင်း ပိုက်စိပ်တိုက်အမြစ်ပြတ်ချေမှုန်းခြင်း စစ်ဗျူဟာကို အသုံးများပါတယ်။ ဧရာဝတီတိုင်းမှာ KNUကို ချေမှုန်းခဲ့တဲ့ဗျူဟာ ပဲခူရိုးမမှာဗကပကိုချေမှုန်းခဲ့တဲ့ဗျူဟာမျိုး ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ဟာ
အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်ခံရတော့
နိုင်ငံတကာစစ်ပွဲပုံစံဖြစ်လို့
ရွမ်းမဲလ်ဗျူဟာ သုံးလေသလား.....။
ပူတင်ရဲ့ ရန်သူကိုစစ်ပွဲနွံထဲနစ်ပြီး စပါးကြီးမြွေလို တရစ်ခြင်းမြိုတဲ့ စစ်ဗျူဟာကို သုံးလေသလား။
နိုင်ငံတကာဖိအားဘေးရန်တွေကို ရှောင်ရှားပြီး စစ်ဆာလောင်နေတဲ့လူမျိုးကို စစ်ပွဲနဲ့မောပန်းစေပြီး အချိန်အခါကိုစောင့်တဲ့ ဗျူဟာကို သုံးလေသလား။

စစ်ခေါင်းဆောင်တွေ
ဘယ်လိုဗျူဟာကိုဘဲ သုံးပါစေ စစ်ဗျူဟာတွေစစ်ပွဲတွေ အောင်မြင်ပြီး
တိုင်းပြည်ကြီး အမြန်အေးချမ်းစေချင်ပါတယ်။
ပြည်သူတွေ ဒုက္ခဆင်းရဲက အမြန်ဆုံး လွတ်ပါစေ။

NayMyoMyanmar
(19-12-23/Tue)

Post a Comment

Previous Post Next Post