AA အဖွဲ့၏ မူးယစ်ကုန်ကူးမှုများ (၁)


၂၅-၈-၂၀၁၉ ရက် နေ့လည် ၁၂ နာရီခန့်တွင် ပြည်သူများရဲ့ သတင်းပေးမှုကြောင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ မြန်မာပလာဇာရှေ့တွင် ထွဋ်အောင်လွင်နှင့် ကြည်ခိုင် တို့ ၂ ဦးအား စိတ်ကြွ ဆေးပြား ၄၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောချက်အရ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ တိုက်(၃၉/ဘီ)(ပထပ်)နေ မအေးအေးဝင်း(ရခိုင်လူမျိုး) ထံမှ ဝယ်ယူခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့။

မအေးအေးဝင်း နေအိမ်အား ဝင်ရောက်စီးနင်းစဉ် စိတ်ကြွဆေးပြား (၁၆၈၆၀၀) ပြား ဖမ်းဆီးရမိခဲ့ပြီး မအေးအေးဝင်း၏ ဖြောင့်ချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ၆၆ ရပ်ကွက်၊ မြိတ်လမ်း*ဧရာဝတီလမ်းသွယ်တွင် နေထိုင်သော မခိုင်ခိုင်စံ ထံမှ ဝယ်ယူခဲ့ကြောင်း သိရ၍ မခိုင်ခိုင်စံအား  ဩဂုတ် ၂၆ ရက်နေ့တွင် မောင်ဖြစ်သူ နိုင်နိုင်ထွန်းနဲ့အတူ နေအိမ်တွင် ဖမ်းဆီးရမိခဲ့။
-
၎င်းတို့၏ ဖြောင့်ချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ရတာနာအိမ်ယာ၊ တိုက်(၃၂)တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းထားကြောင်း သိရသဖြင့် အဆိုပါအိမ်ကို ညတွင်းချင်း စီးနင်းရာ စိတ်ကြွဆေးပြား (၆၇၈၀)ပြားကို တရားခံ စိုင်းနောင်မိန်းနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့။
-
တရားခံများအား စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများကို အဝတ်အထည်များဖြင့် ရောနှောပြီး ဆာလာအိတ်ဖြင့်ထုတ်ကာ မညိုအေး(စစ်တွေ)ဆီသို့ ပေးပို့ရမှာဖြစ်ကြောင်း သိရသဖြင့် အောင်မင်္ဂလာအဝေးပြေးကွင်းရှိ လေးဝတီဂိတ်၊ မင်းထက်သာဂိတ်တို့ကို ဝင်ရောက်စစ်ဆေးရာ ဆာလာအိတ် ၇ လုံးဖြင့် ထည့်ထားသော စိတ်ကြွဆေးပြား(၁၀ သိန်း)ပြားကို သိမ်းဆည်းရမိပြီး လမ်းကြောင်းပေါ်တွင် ရောက်ရှိနေသော စိတ်ကြွဆေးပြား (၁၅ သိန်း)ပြားတို့အား ရခိုင်ပြည်နယ်၊ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီး နိုင်ခဲ့။
-
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ ကျပ်ငွေ သိန်းပေါင်း ၆၅၀၀၀  (၆ ဒသမ ၅ ဘီလီယန်)ခန့်ရှိပြီး အဆိုပါမူးယစ်ဆေးဝါးများ၏ တန်ဖိုး ၂၀ % ကို ပေးပို့သူများမှ ရရှိပြီး ကျန် ၈၀% ကို AA အဖွဲ့သို့ လွှဲပြောင်းပေးရမှာဖြစ်ကြောင်း သိရှိရ။
-
ဆိုချင်တာကတော့ .. AA သူပုန်ဆိုတာ မူးယစ်ဆေးဝါးနဲ့ရပ်တည်နေတာကို သိစေချင်တာပါ။
ငြင်းစမ်း .. ခိုင်သုခ .. (အပိုင်း-၂ ဆက်လာမယ်)

#KT

Post a Comment

Previous Post Next Post