စက်မှုကုန်ချော တင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ရရှိထား


၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဒီဇင်ဘာလ (၁၅) ရက်အထိ ပြည်ပသို စက်မှုကုန်ချော တင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၅၁ ဘီလီယံ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
အဆိုပါ ပိုကုန်ရ‌ငွေ ပမာဏမှာ ပြီးခဲ့သည့်နှစ် ကာလတူ နှင့် နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆ ဘီလီယံကျော်လျော့ကျနေကြောင်းလည်း အဆိုပါ စာရင်းများအရ သိရသည်။
ပြည်ပသို ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချောတင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၁၁ ဘီလီယံကျော်နှင့် နိုင်ငံပိုင်ကဏ္ဍတင်ပိုမှုမှ ကန်ဒေါ်လာ ၂ ဒဿမ ၃၉ ဘီလီယံကျော် ရရှိခဲ့ခြင်းဖြစ်သည်။
စက်မှုကုန်ချော တင်ပိုမှုတွင် ချုပ်ပြီးအထည်တင်ပိုမှု၊ သကြား၊ သဘာဝဓာတ်ငွေ့နှင့် အခြားစက်မှုကုန်ကြမ်းပစ္စည်းများကို တင်ပိုလျက်ရှိကြောင်း သိရသည်။

https://t.me/mmcnews007

Post a Comment

Previous Post Next Post