AA အဖွဲ့အား ကိုယ့်လူမျိုးကို တန်ဖိုးထားရန် ဒေသခံများပြောဆို

AA အဖွဲ့အား ကိုယ့်လူမျိုးကို တန်ဖိုးထားရန် ဒေသခံများပြောဆို
ရခိုင်ပြည်နယ်အတွင်း AA ခဲဝါအဖွဲ့ရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေဟာ ကိုယ့်လူမျိုး တွေသာ အဓိကနစ်နာသူပြန်ဖြစ်နေရလို့ ဒေသခံတွေဟာ တစ်နေ့တစ်ခြား အငတ်ဘေးနဲ့ ပိုမိုရင်ဆိုင်ကြုံနေရပြီး စက်သုံးဆီပြတ်လပ်မှုအပါအဝင် ရာသီ အကူးအပြောင်းကာလကြောင့် ကျန်းမာရေးထိခိုက်တဲ့ဒဏ်တွေကိုလည်း အလူး အလဲခံစားနေရတယ်လို့ သိရပါတယ်…
တိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးတဲ့အချိန်မှာ ရခိုင်ပြည်နယ်အတွင်းက ဒေသခံ တွေဟာ ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ကိုသာခံစားခဲ့ရပြီး အခုအချိန်မှာတော့ ဘက် ပေါင်းစုံအခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့နေရလို့ ဒီလိုဖြစ်အောင်ဖန်တီးတဲ့ AA ခဲဝါအဖွဲ့ကို ရခိုင်ဒေသခံများက ကိုယ့်လူမျိုးရဲ့ဒီဒုက္ခတွေကို ကိုယ်ချင်းစားကိုယ် တိုင်ခံစားပြီး ကိုယ့်လူမျိုးကိုတန်ဘိုးထားရန် ပြောဆိုနေကြပါတယ်…
စစ်ပွဲရဲ့ဆိုးကျိုးကို ယခုအခါမြို့ပေါ်အထိ ခံစားလာကြရပြီး အပြစ်မဲ့ဒေသခံများ ကို အဓမ္မလူသစ်စု၍ စစ်ပွဲအတွင်းခေါ်ဆောင်တာဟာလည်း မိမိလူမျိုးပြုန်းတီး စေတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးမရှိတော့ပါက ယခုစစ်ပွဲက အလကားဘဲလို့ ပြောဆိုနေကြပါ တယ်…crd
#Dgf

Post a Comment

Previous Post Next Post