မြိတ်မြို့၊ သီတဂူဇီဝိတစက္ခုဒါနဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား ကြည့်ရူအားပေး


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ သီတဂူဇီဝိတစက္ခုဒါနဆေးရုံတော်၌ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလောနှင့် ဘုတ်ပြင်းမြို့တို့မှ မျက်စိဝေဒနာရှင် ဒေသခံ
ပြည်သူများကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် ကမ္ဘာ့သာသနာပြု ရွှေကျင်
နိကာယသာသနာပိုင် နိုင်ငံတော်ဩဝါဒစရိယ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ Ph.D.D.Litt သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

Previous Post Next Post