ချင်းပြည်နယ်မြောက်ပိုင်းကနေ ကလေးဆင်းမယ့် ကားတွေအတွက် လမ်း (၃) ရက်အထိ ဖွင့်ထားတယ်လို့ သိရ


ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း- တီးတိန် ကနေ ကလေးမြို့ကို ဆင်းမယ့်ကားတွေအတွက် ၃ ရက် လမ်းဖွင့်ထားတယ်လို့ CDF Civic Defense Militia – CDM – Siyin က ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိ်ုင်း ဖလမ်း - တီးတိန်ကို တက်မယ့်ကားတွေတွက်တော့ ခွင့်မပြုသေးဘူးလို့လည်း CDF Civic Defense Militia – CDM – Siyin က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ  ချင်းပြည်နယ်မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံနယ်စပ်တွေအထိ အဓိက သွားလာလို့ရတဲ့ ဖလမ်း၊ တီးတိန်၊ သိုင်းငင်း ကားလမ်းမကြီးကို နိုဝင်ဘာလ ၂၇ ရက်နေ့ကစလို့ CDF Civic Defense Militia – CDM – Siyin က လုံခြုံရေး အခြေနေကြောင့်  ပိတ်ထားခဲ့ပါတယ်။

ကားလမ်းမကြီးပိတ်ထားတာ ရက်ကြာလာတာနဲ့မျှ ချင်းပြည်နယ်ကနေ  ကလေးမြို့ကို ပြန်လာမယ့် ကားအစီးရေ ရာနဲ့ချီ  ပိတ်မိနေခဲ့သလို ဒေသတချို့မှာ စားသောက်ကုန် ပြတ်လတ်တာတွေထိ  ဖြစ်ခဲ့ပါတယ်။

Post a Comment

Previous Post Next Post