နယ်ခြားစောင့်တပ်BGFထဲဝင်ရခြင်း အကြောင်း


"DKBAကနေ BGF အသွင်ပြောင်းထားလို့ ကရင်တွေချည်းမှတ်နေတာ။
BGFထဲ မှာ ဗမာလူငယ်တွေ အများကြီးပါလား။
တပ်ထဲမဝင်ဘဲ ဘာလို့BGFထဲ ဝင်တာလဲ"

"BGFလူကြီးတွေက အောက်ခြေအထိပြန်ကြည့်တယ်။
မိသားစုလိုဂရုစိုက်တယ်။ တခုခုဖြစ်ရင် ပြစ်မထားဘူး။
လစာအပြင် အပိုဆောင်းငွေပါထပ်ပေးတယ်။  တပ်ထက် ပိုပြီးလွတ်လပ်တယ်။ 
တပ်မှာလို ထစ်ကနဲရှိ အရေးယူထောင်ချတာမျိုး မရှိဘူး။
အထက်နဲ့အောက် ထိုးလားကြိတ်လား လုပ်တာတွေ မရှိသလောက်နည်းတယ်။
တပ်မှာလို မဖြစ်စလောက်အပြစ်ကို ဆူပူကြိမ်းမောင်းနေတာမျိုး မရှိဘူး။
ညီအကိုလိုဆက်ဆံတယ်။ လုပ်ရကိုင်ရတာဖိအားမရှိတော့ စိတ်ချမ်းသာရတယ်။
ထွက်ခွင့်တင်ရင်လည်း အလွယ်တကူ တင်လို့ရတယ်။

ဒါဏ်ရာရရင် စစ်ဆေးရုံမှာတက်ကုလို့ရတယ်။
တိုက်ပွဲကျရင်လည်း တပ်မတော်သားလိုဘဲ ပင်စင်ရတယ်။
ကွာခြားတာက မသေခင်မှာ စိတ်ချမ်းချမ်းသာသာ နေရတယ်။
ဒါကြောင့် BGF ထဲ ဝင်တာပါ။
တပ်မတော်ကြီးလည်း ဟိုး....အရင်တုန်းကလို ပျော်ရွင်စရာကောင်းအောင်လုပ်ရင် ဝင်လာကြမှာပါ "

" ေသြာ်...အင်း"
🇼🇸🇼🇸🇼🇸
BGF စစ်သည်လေးရဲ့စကားကို ကြားတော့
တို့ တပ်မတော်ကြီးလည်း ပြုပြင်ပြောင်းလဲသင့်ပြီထင်ပါရဲ....။
အောက်ခြေကို စိတ်ချမ်းသာအောင် ထား လစာလုံလောက်အောင်ပေး မှ တပ်နေပျော်ပြီး စစ်တိုက်တော်လိမ့်မယ်။
ခုဟာက အိမ်ထောင်သည်ဆိုရင် ရိက္ခာကရှေ့တန်းပါသွား နောက်တန်းမိသားစုက လစာနဲ့ကမလောက် ဒုက္ခတွေရောက်လို့။
ထွက်ခွင့်ရပြန်တော့လည်း မြေမရှိ အိုးမရှိအိမ်မရှိလုပ်ငန်းမရှိ ပင်စင်လစာလေးနဲ့ ဒုက္ခတွေရောက်လို့။

အောက်ခြေစစ်သည်တွေကို ဂရုစိုက်မှသာ
နောက်ထပ် တသသတွေ ဝင်လာမစဲတသဲသဲ ဖြစ်ပါလိမ့်မယ်။
လိုအပ်ချက်တွေပြုပြင်ပြီး အင်အားပြည့်ဝစွာ တိုင်းပြည်တာဝန်ကို ပျော်ပျော်ရွင်ရွင် ထမ်းဆောင်စေချင်ပါတယ်။
မြန်မာ့တပ်မတော်ကြီးရဲ့ရွှေရောင်အနာဂါတ် ကို မျှော်လင့် မိပါရဲ့......။

ချစ်လို့ပြောတာပါ။

NayMyoMyanmar

Post a Comment

Previous Post Next Post