မျက်မှောက်ခေတ်၏ ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်မည်ဆိုပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


ယနေ့ မျက်မှောက်ခေတ်၏ ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်မည်ဆိုပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း  တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။
ထို့ပြင် လေကြောင်းစွမ်းအားသာလွန်မှုကို အားပြုပြီး ရန်သူအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ကာ မိမိတပ်များ၏ စိတ်ဓာတ်နှင့်တိုက်စွမ်းရည် ပိုမိုဖြစ်ပေါ်လာစေရန်အတွက် လေကြောင်းစိုးမိုးမှု၊ လေကြောင်းအရေးသာမှုများကို အဓိကထား ဆောင်ရွက်လာကြကြောင်း၊  မြင့်မားသော လေကြောင်းစွမ်းအားကို ပိုင်ဆိုင်သည့် လေတပ်မတော် ဖြစ်လာစေရေးအတွက် တပ်မတော်(လေ)မှ အရာရှိ/ စစ်သည်များအားလုံး အမြဲလေ့ကျင့်နေရမည်ပင်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

Previous Post Next Post