ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) သို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား


ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။
အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ခွင့်ပြုပေးထားသည့် ဘတ်ဂျက်များကို အကျိုးရှိရှိအသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေများသုံးစွဲရာ၌ အမှန်တကယ် သုံးသင့်သုံးထိုက်သည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲရန်လိုကြောင်း၊ နိုင်ငံတော်၏ ပိုလျှံရန်ပုံငွေများကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ သုံးစွဲရာတွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် အခြားလက်ခံနိုင်သည့် အခက်အခဲများကြောင့် လုပ်ငန်းများဆောင်ရွက်နိုင်မှု မရှိခြင်းမှလွဲ၍ အခြားအကောင်အထည်မဖော်နိုင်သည့် လုပ်ငန်းများကို တာဝန်ရှိသူများအနေဖြင့် ပြန်လည်စိစစ်ရန်လိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါတယ်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

Previous Post Next Post