လားရှိုးမြို့အနီးဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူ ပစ်မှတ်များကို ရှင်းလင်းလျက်ရှိ


လားရှိုးမြို့နှင့် အနီးဝန်းကျင် အကြမ်းဖက်သောင်းကျန်းသူ ပစ်မှတ်များကို ယနေ့ ည ပစ်ခတ်ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့ခံတစ်ဦး ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။
ဒေသခံက "လားရှိုးမြို့မှာ မကြုံစဖူး မီးပျက်တာ ၆ ရက် ရှိသွားပြီ။ အင်တာနက်လိုင်းတချို့လည်း သုံးမရဘူး။ သီပေါနားက လျှပ်စစ်ကြိုးတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။" ဟု ပြောသည်။
ရှမ်းပြည် (မြောက်ပိုင်း)တွင် အောက်တိုဘာ ၂၇ ရက်နေ့မှ စ၍ MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် နှိမ်နင်းနေရပြီး လားရှိုးမြို့ပေါ်တွင် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေကြသည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

Post a Comment

Previous Post Next Post