လားရာက နှုံးဘူးပါ


AA/PDF တွေက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက  ထရွန်အိုင်နဲ့ နှုံးဘူးမှာရှိတဲ့ စခန်းတွေကို အင်အားအများအပြားနဲ့ အနာခံပြီးတိုက်နေတာ .. တစ်လလောက်ရှိပြီ။ လာတိုက်တဲ့ဘက်က အကျအဆုံးက သောက်သောက်လဲပဲ။ တပ်မတော်ဘက်ကလည်း Y8 လို ကုန်တင်လေယာဉ်ကြီးတွေနဲ့ ၁၂၀ ဗုံးသီးတွေကို ရာနဲ့ချီပြီး ကျဲချတာဆိုတော့ မထိပဲ နေမလားဗျာ။
-
အဲဒီစခန်း ၂ ခုရဲ့ မြေအခြေအနေကို ပြောရရင် ဘေးနံတပ်မရှိဘူး (ထီးထီးကြီး)၊ စစ်ကူလိုက်ဖို့ မလွယ်သလို ဆုတ်လမ်းလည်း မသာဘူး။ AA/PDF က ထရွန်အိုင်ကို Drop Bomb ချတဲ့ Drone တွေနဲ့ မြေပြင်တိုက်ခိုက်ရေး အင်အားအများအပြားသုံးပြီး တိုက်တာ။ စစ်ကူမရောက်နိုင်တဲ့အတွက်ကြောင့် တပ်မတော်က ထရွန်အိုင် ဆုတ်မယ့်လမ်းကြောင်းအတွက် ဗုံးတွေကျဲပြီး လမ်းရှင်းတယ်။ အခွင့်သာတာနဲ့ ထရွန်အိုင်က တပ်မတော်သားတွေ အထိအခိုက်အနည်းဆုံးနဲ့ ခွာစစ်ဆင်နိုင်ခဲ့တယ်။
-
အခုအချိန်မှာ ရန်သူက ထရွန်အိုင်ကို တိုက်ခဲ့တဲ့ Drone တွေ၊ တိုက်ခိုက်ရေးအင်အားတွေကို နှုံးဘူးကို ရွေ့ပြီး တိုက်တယ်။ နှုံးဘူးစခန်းကလည်း အပြင်းအထန်ခံချတယ်။ တစ်ရက်ကို Drone ၁၂ စီးနဲ့ Bomb အလုံး ရာချီကျဲတယ်။ တက်လုံးတယ်။ ဒါပေမယ့် မရဘူး၊ ရန်သူဟာ အကြိမ်ကြိမ် ပြန်လန်ကျတယ်။
-
ချင်းပြည်နယ်ထဲမှာ ထရွန်အိုင်ပြီးရင် နှုံးဘူးစခန်းက တပ်မတော်အတွက် ဂုဏ်သိက္ခာဖြစ်သလို ရန်သူ AA အတွက်ကလည်း အကျအဆုံးများနေတဲ့ သူ့တပ်ဖွဲ့ဝင်တွေအတွက် ဖြေဆေးတစ်ခွက်ပဲ။
-
ဒါကြောင့်ရန်သူဟာ နှုံးဘူးတိုက်ပွဲမှာ အထိနာနေလို့ အခြားနေရာတွေကို ယောင်ပြတိုက်လိမ့်မယ်။ အခြားနေရာဆိုတာ အနီးလေးကို ပြောတာမဟုတ်ဘူး၊။ ကယားပြည်နယ်တို့၊ ကရင်ပြည်နယ်တို့ဘက်မှာ တိုက်ကွက်ဖော်လိမ့်မယ်။ အဲ့ဘက် အာရုံစိုက်နေချိန် နှုံးဘူးစခန်းကို ဝင်ဆောင့်လိမ့်မယ်။
-
ဆိုချင်တာက တာဝန်ရှိသူတွေအနေနဲ့ နှုံးဘူးစခန်းကို လစ်လျူမရှုပါနဲ့၊ လက်နက်/ခဲယမ်း/လူအင်အားသာ ဖြည့်ပေးလိုက်ပါ။ AA ဆိုတဲ့သူပုန်တွေ ချီးကျင်းတစ်ခုတောင် မသိမ်းမိစေရဘူး။ အဲ့လောက် စစ်သည်တွေက တိုက်ရည်ခိုက်ရည်ပြည့်ဝတာ။။။

#KT

Post a Comment

Previous Post Next Post