ပြည်တွင်းစက်သုံးဆီသုံးစွဲမှုများအတွက် စက်သုံးဆီအလုံအလောက် ဖြန့်ဖြူး ပေးနေပြီး တရားမဝင်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချမှုများအား စိစစ်အရေးယူဆောင်ရွက်နေ


“ အများပြည်သူများအနေဖြင့် မကြာမီ စက်သုံးဆီပြတ်လပ်မည်ဆိုသည့် လူမှု ကွန်ယက်များတွင် လတ်တလောဖြစ်ပေါ်နေသည့် ကောလဟလသတင်းများ ကြောင့် စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါတန်းစီ၍ ထုတ်ယူပြီး တစ်ဆင့် ပြန်လည်ရောင်းချခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် အချို့တွင် ဖြည့်တင်းပေးနိုင်မှုစွမ်းအားကျော်လွန်သည်အထိ စက်သုံးဆီများကို ဝယ်ယူ လျက်ရှိရာ အရောင်းဆိုင်များတွင် စက်သုံးဆီများပြတ်လပ်မှုမရှိစေရန်အတွက် စက်သုံးဆီ များကို အဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် စက်သုံးဆီအရောင်း ဆိုင်များတွင် အကြိမ်ကြိမ်တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချမှုများနှင့် တရားမဝင်သိုလှောင်ရောင်းချခြင်းများနှင့် ဆီတင်ယာဉ်ဖြင့် တရားမဝင်သယ်ယူပို့ဆောင် ခြင်းများအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာပူးပေါင်းဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ၅-၁၀-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရန်လင်းအောင်ကားဂိတ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ဂါလန်(၄၅)ဆံ့ ပေပါ (၈၄)လုံး (၃၇၈၀)ဂါလန်ခန့်အားလည်းကောင်း၊ ၈-၁၀-၂၀၂၃ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့အတွင်း မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင် ချက်ဆီ ဂါလန်(၃၅)ဆံ့ ပေပါ (၆၅)လုံး (၂၂၇၅)ဂါလန်ခန့်အားလည်းကောင်း၊ ၂၄-၁၀-၂၀၂၃ ရက်နေ့တွင် မုံရွာမြို့၊ ကမ်းနားလမ်းဘေးရှိ ရပ်ကွက်ရုံးရှေ့ရှိ သုံးဘီးဆိုင်ကယ် (၂) စီး ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ဂါလန်(၄၅)ဆံ့ ပေပါ (၈၄)လုံး (၃၇၈၀)ဂါလန်ခန့်အားလည်းကောင်း၊ ၁-၁၁-၂၀၂၃ရက်နေ့တွင် မုံရွာမြို့၊ မန်းကျည်းပင်ဈေး၊ ကျောက္ကာလမ်းပေါ်တွင် သုံးဘီးဆိုင်ကယ်(၁)စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင် ချက်ဆီ ဂါလန်(၃၅)ဆံ့ ပေပါ (၁၄)လုံး (၄၉၀)ဂါလန်ခန့်အားလည်းကောင်း၊ ၃၀-၁၁-၂၀၂၃ ရက်နေ့တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်းတွင် ပိုင်ရှင်မဲ့ချက်ဆီပေပါ (၂၀)လုံး (၇၀၀)ဂါလန်ခန့်အားလည်းကောင်း၊ ၁၂−၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး‘စဉ့်ကူးလမ်းပိုင်း မိုင်တိုင်အမှတ် ၄၅/၃ တွင် စက်သုံးဆီ တရားမဝင် သယ်ဆောင်လာသည့် ဆီတင်ယာဉ် Bowser(၄)စီးအား စက်သုံးဆီ (၃၆၈၇၇)ဂါလန်ဖြင့် လည်းကောင်း ၊ ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို့နယ် ၊ မြစ်ငယ်တံတားအနီးတွင် တရားမဝင်ချက်ဆီ(၆,ဝဝဝ)ဂါလန် သယ်ဆောင်လာသည့် ဆီသယ်ယာဉ်(၁)စီးအားလည်းကောင်း ၊ ၁၄-၁၂-၂၀၂၃ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဖရဲကျွန်းကျေးရွာ၊ မိုင်တိုင်အမှတ် ၃၅၈ မိုင်၊ ၄ဖာလုံရှိ ခြံဝင်းအတွင်း၌ တရားမဝင်မြေအောက် သိုလှောင်ကန်ဖြင့် သိုလှောင်ထားသည့် စက်သုံးဆီ(၃၃၈၆) ဂါလန်အားလည်းကောင်း၊ ၁၄-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် Denko စက်သုံးဆီအရောင်းဆိုင်တွင် (၂)ကြိမ်တန်းစီဝယ်ယူသည့် မော်တော် ယာဉ်(၁)စီးအား ယာဉ်၏နောက်ခန်းတွင် မောင်းဆီတိုင်ကီနှင့် ပိုက်သွယ်တန်းထားသော ဂါလန် (၁၅၀)ဆံ့ ပလပ်စတစ်ပေပါ(၁)လုံး၊ ဂါလန်(၅၀)ဆံ့ သံပေပါ (၆)လုံး ၊ ပလပ်စတစ် ပေပါ (၁)လုံးဖြင့်လည်းကောင်း၊ ၁၅-၁၂-၂၀၂၃ ရက်နေ့တွင် သာကေတမြို့နယ်၊ ၁/ အနော်မာရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ကျောက်တိုင်မှတ်တိုင်အနီးတွင် အရောင်းဆိုင် များမှ တန်းစီဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချနေသည့် မော်တော်ယာဉ်(၁)စီးနှင့် ၎င်းယာဉ်ပေါ်တွင် ပါရှိသည့်၁ပေပါလျှင် ဂါလန် (၅၀)ဆံ့ ဒီဇယ်ဆီပေပါ (၁၀)လုံးအား လည်းကောင်း၊ ၁၆-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဒဂုံ-သီလဝါလမ်းမကြီးဘေးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တရားမဝင်သိုလှောင်ထားရှိသည့် စက်သုံးဆီ ဂါလန် (၄၈)ဆံ့ သံပေပါ (၃)လုံး၊ ပါဝါဆီ အဖြူ ဂါလန်(၃၀)ပါ သံပေပါ (၁)လုံး၊ ပါဝါဆီအဝါ ဂါလန် (၁၅)ပါ သံပေပါ (၁)လုံး၊ စက်ဆီ၊ချောဆီ ဂါလန်(၄၈)ဆံ့ သံပေပါ (၂)လုံး၊ ဆီမဲအပျက် ဂါလန်(၄၅)ပါ သံပေပါ (၂)လုံးနှင့် ဂါလန်(၁၅)ပါ သံပေပါ (၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ၁၈-၁၂-၂၀၂၃ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးမြင့်ဦးစီးအဖွဲ့သည် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာရှိ ခြံတစ်ခြံတွင် တရားမဝင် စက်သုံးဆီသိုလှောင်ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ဂါလန်(၈၀၀)ဆံ့ သိုလှောင်ကန်(၁၄)ကန်နှင့် ဒီဇယ်ဆီ(၇၂၀)ဂါလန်၊ ဂါလန်(၈၀၀)ဆံ့ အဖြူရောင် Bowser အခွံ(၂)စီး၊ ဂါလန်(၈၀၀)ဆံ့ ဆီBowser ပုံစံဆီတိုင်ကီ အခွံ(၂)လုံး

တို့အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ ခြံအမှတ် (၅၆၀)အတွင်းမှ ဆီ Bowser ပုံစံ (ဆလင်ဒါသံကန်)ဆီသိုလှောင်ကန်(၁၁)ကန်နှင့် ဒီဇယ်ဆီ (၆၈၅၇)ဂါလန်၊ 92 Ron (၂၇၅၀)ဂါလန်ပါသည့် ပေပါ(၅၅)လုံးနှင့် ပေပါအခွံ(၁၆)လုံး၊ ဒီဇယ်ဆီ(၁၃၇၀)ဂါလန်ပါရှိသည့် Hyundai အမျိုးအစား အဖြူရောင် ဆီသယ်ယာဉ် Bowser (၁)စီးနှင့် Isuzu အမျိုးအစား အဖြူရောင်ဆီသယ်ယာဉ် Bowser(၁)စီးတို့အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၀-၁၂-၂၀၂၃ ရက်နေ့မှ ၁၅-၁၂-၂၀၂၃ ရက်နေ့ထိ တရားမဝင်စက်သုံးဆီရောင်းချမှု (၁၇)မှု ဖမ်းဆီးရရှိမိပြီး စက်သုံးဆီ(၇၁၉) ဂါလန်ခန့်နှင့် ဖြန့်ဖြူးရောင်းချရာမှာအသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီတွင် ၁၀-၁၂-၂၀၂၃ရက်နေ့မှ ၁၄-၁၂-၂၀၂၃ ရက်နေ့ထိ တရားမဝင်စက်သုံးဆီရောင်းချမှု (၈)မှုဖမ်းဆီးရရှိမိပြီး စက်သုံးဆီ(၁၀၀) ဂါလန်ခန့်နှင့် ဖြန့်ဖြူးရောင်းချရာမှာ အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအားလည်းကောင်း ဖမ်းဆီးရရှိမိခဲ့ရာ စုစုပေါင်း တရားမဝင်စက်သုံးဆီ(၆၉,၉၀၉)ဂါလန်ခန့် ခန့်မှန်းတန်ဖိုး ငွေကျပ်(၇၃၅သန်းကျော်)၊ စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင်အသုံးပြုသည့် ဆီတင်ယာဉ် (Bowser) ၁၁ စီးနှင့် တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီသိုလှောင်ကန်များအပါအဝင် ဖြန့်ဖြူး ရောင်းချရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားဖမ်းဆီးရရှိမိခဲ့ပြီး သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ ပါသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင်(၁၆)သည် စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက် မရဘဲ ဆီသယ်ယာဉ်(Bowser)ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ် ရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူ များမှ စိစစ်တွေ့ရှိရသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းအရ သတ်မှတ်ဒဏ်ကြေး တပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့် အသတ် ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချမှုများ ပပျောက်စေရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ် ဆောင်ရွက် လျက်ရှိပြီး ပြည်သူများအနေဖြင့် တရားမဝင်စက်သုံးဆီသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချမှုများနှင့်ပတ်သက်၍ သတင်းရရှိပါက အဆိုပါအဖွဲ့များသို့ သတင်းပေးပို့တိုင်ကြား နိုင်ပါကြောင်း သတင်းရရှိပါသည်။”

Post a Comment

Previous Post Next Post