၂၂ ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပတဲ့ (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။
အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရက တိုင်းရင်းဆေးအခန်းကဏ္ဍကို အလေးအနက်ထားကာ အားပေးချီးမြှောက်ပေးလျက်ရှိနေသကဲ့သို့ တိုင်းရင်းဆေးပညာရှင်များကလည်း ယခုလို ကြိုးစားအားထုတ်နေသည်ကို တွေ့ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ထိုသို့ ကြိုးစားအားထုတ်ကြရာတွင် စည်းကမ်းတကျဖြစ်စေရန် တိုင်းရင်းဆေးကောင်စီဥပဒေ၊ တိုင်းရင်းဆေးဝါးဥပဒေတို့သည် အဓိကမဏ္ဏိုင်ကြီးများဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်မှ တိုင်းရင်းဆေးပညာ မဟာဘွဲ့
အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေပြီဖြစ်ပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်တွင်းတွင် ဖွံ့ဖြိုးတိုးတက်နေရန်လိုအပ်သလို ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာ ကဏ္ဍများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါတယ်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

Previous Post Next Post