ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


=========================
ကော်ဖီလုပ်ငန်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က
ပြောကြားခဲ့တာဖြစ်ပါတယ်။
ထို့ပြင် ယခုလိုတွေ့ဆုံမှုသည် ပြင်ဦးလွင်ဒေသရှိ ကော်ဖီလုပ်ငန်းအပါအဝင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Post a Comment

Previous Post Next Post