AAအကြမ်းဖက်သောင်းကျန်းသူများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပလက်ဝမြို့ဆေးရုံဝင်းအတွင်းရှိ အဆောက်အဦအချို့ပျက်စီးခဲ့ပြီး ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ (၆)ခန်းတွဲဝန်ထမ်းအိမ်ရာအနီးသို့ ယနေ့နံနက် ၁၀ ခွဲဝန်းကျင်ခန့်က AA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးရုံဝင်းအတွင်းရှိ အဆောက်အဦအချို့ပျက်စီးခဲ့ပြီး အသက်(၂၀)နှစ်အရွယ်ရှိ မဒေဝီထွန်း၊ ဆေးရုံသန့်ရှင်းရေးဝန်ထမ်းအား လက်နက်ကြီးအစမှန် ဒဏ်ရာရှိခဲ့သည်ဟု သိရှိရသည်။

ပလက်ဝမြို့၏ အနောက်မြောက်ဘက် (၂)မိုင်ကျော်ခန့်ရှိ AA အဖွဲ့ဝင်များရှိရာ တောင်ကုန်းမှ လက်နက်ကြီးပစ်ခတ်သံကို ကြားရပြီး မြို့အပြင်ဘက်တွင် ၂ လုံး၊ ဆေးရုံးဝန်ထမ်းအိမ်ရာတွင် ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးငယ်မှာ ဒဏ်ရာမစိုးရိမ်ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

#MayYuHtarNay

Post a Comment

Previous Post Next Post