မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှု အများဆုံး ၅ နိုင်ငံ စာရင်းတွင် အမေရိကန် ပါဝင်နေ


လက်ရှိဘဏ္ဍနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ချုပ်ပြီးအထည် (အထည်ချုပ်)နှင့် သဘာဝဓာတ်ငွေ့တို့ကို အများဆုံးတင်ပို့ထားပြီး ပို့ကုန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ ထိုင်းနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ အဓိကပို့ကုန် ၁၀ မျိုး စာရင်းတွင် ချုပ်ပြီးအထည်(အထည်ချုပ်) တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၉၆၆ ဘီလျံဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့ တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၂၂၀ ဘီလျံဖြင့် ဒုတိယအများဆုံးဖြစ်ပါတယ်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်အများဆုံးတင်ပို့ထားသည့် နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် အမေရိကန်အပါအဝင် ဥရောပနိုင်ငံ ၅ နိုင်ငံအထိ ပါဝင်ခဲ့ပြီး အဆိုပါ ၅ နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ပမာဏ ‌ဒေါ်လာ ၁ ဒသမ ၆ ဘီလျံရှိကာ စုစုပေါင်း ပို့ကုန်ပမာဏ၏ ၁၆ ရာခိုင်နှုန်း ဝန်းကျင်အထိရှိကြောင်း စီးပွားကူးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။

Post a Comment

Previous Post Next Post