Standard Army ဖြစ်ချင်ရင်


ခေတ်ရှေ့ပြေးနေရပါမယ်။ ရန်သူတွေထက် နှာတဖျားသာနေရပါမယ်။ ပြောင်းလွယ်ပြင်လွယ်ရှိရပါမယ်။ ဉာဏ်ပညာနဲ့ စစ်တိုက် ရပါမယ်။ အထက်ကလည်း ခွင့်ပြုပံ့ပိုးစီစဥ်ပေးရပါ့မယ်။

(အမြောက်ကြီးများ )
ဝါးခသစ်(ခ) ကောမှူးရာ ကိုတိုက်တဲ့အချိန်မှာ အရင်ဆုံး တပ်ရင်း၂ရင်း လောက်ပြုတ်တယ်။ စစ်သားထောင်ချီ သေပြီးမှ
ဟောင်ဝစ်ဆာ ၁၀၅ မမ တွေထုတ်သုံးလာတယ်။ အမြောက်တိုက်ရိုက်ပစ် စနစ်သုံးမှ စခန်းသိမ်းနိုင်တယ်။
ပထမကမ္ဘာစစ်လို လူလှိုင်းနဲ့ စစ်တိုက်နေတာထက်
ကြိုမစီစဥ်သင့်ဘူးလား။ 
လူအသက်ထက် အမြှောက်တွေက ပိုတန်ဖိုးရှိသလား။ Standard Army ဖြစ်ချင်ရင်.......။

(ကျဥ်ကာအကျီ)
ဦးသိန်းစိန်လက်ထက် KIAနဲ့ တိုက်ပွဲတွေမှာ တပ်ဘက်က အကျအရှုံးများတယ်။
KIAရဲဘော်တွေက ကျည်ကာ အကျီဝတ်နိုင်ပြီး
မြန်မာတပ်မတော်က ကျည်ကာမပါ အသေခံတိုက်ရတယ်။
နောက်မှ အသေအပျောက်များမှ ကျည်ကာ ထုတ်ပေးတယ်။
ကျည်ကာက ရဲဘော်တွေရဲ့ အသက်ထက် ပိုတန်ဖိုးရှိသလား။
Standard Army ဖြစ်ချင်ရင်.....။

(စနိုက်ပါ)
MNDAAနဲ့ ဖြစ်တဲ့လောက်ကိုင်တိုက်ပွဲမှာ တပ်ဘက်က အကျအဆုံးများတယ်။
ရန်သူစနိုက်ပါကြောင့် အဓိက သေကြရတယ်။
အသေများပြီးမှ စနိုက်ပါတွေကို ပွဲထုတ်လာတယ်။
စနိုက်ပါက ရဲဘော်အသက်တွေထက် ပိုတန်ဖိုးရှိသလား။
Standard Army ဖြစ်ချင်ရင်......။

(ဒရုန်း)
ခုလည်း Pdfတွေက ဒရုန်းတွေပေါပေါသီသီ အသုံးပြုနေကြတယ်။
ကပစ(၂၅)ခုရှိတဲ့ မြန်မာ့တပ်မတော်ကြီးက ဒရုန်းတွေကို အမြောက်ကျည်ထုတ်သလို ပေါပေါ မထုတ်နိုင်ဘူးလား။
ဒရုန်းပျက်စီးရင် လစာထဲကလျှော်ရမယ်ဆိုလို့
တပ်ခွဲမှူးတွေခဗျာ  တယုတယ နဲ့အလှကြည့်နေရတယ်။
ရဲဘော်တွေရဲ့အသက်ထက် ဒရုန်းက ပိုတန်ဖိုးရှိသလား။

စစ်တိုက်ပါတယ်ဆို လူတောင်သေရသေးတာ။
ကြီးကြပ်ကန့်သတ်လည်း ပျောက်ချင်ပျောက်မယ်
ပျက်ချင်ပျက်မယ် ဒါအဆန်းလား။
လူမသေငွေမရှားဆိုသလို
လူမသေဖို့ စစ်နိုင်ဖို့က အဓိကမဟုတ်ပါလား။

ဖြစ်ချင်တာ က Standard Army ဒုတိယကမ္ဘာစစ်ကလို အတွေးအခေါ် စည်းကမ်းတွေနဲ့
စစ်တိုက်နေသမျှ
အောက်ခြေအရာရှိစစ်သည်တွေ အသက်ဟာ
တန်ဖိုးမဲ့သေ နေရအုံးမယ်။
ပြောင်းလွယ်ပြင်လွယ်ရှိခြင်းဆိုတဲ့
စစ်အောင်ရာသောအကြောင်းကြီး ကို ချောင်ထိုး
အောက်ကတင်ပြတာလက်မခံ အထက်အမိန့်အတိုင်း
စာအုပ်ကြီးအတိုင်းလုပ်နေသမျှ
ရွှေပြည်တော် မျှော်တိုင်းဝေးနေရအုံးမည်သာ။

ချစ်လို့ပြောတာမှတ်ပါ။
NayMyoMyanmar
(14-8-23/Mon)

Post a Comment

Previous Post Next Post