ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို ချေဖျက်ပြရတော့မယ့်အချိန်

အောက်တိုဘာ၂၇ကစလိုက်တဲ့မြောက်သုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးနှစ်လမပြည့်မီမှာ စခန်းတွေမြို့တွေတစ်ခုပြီးတစ်ခုလက်လွတ် ဆုတ်ခွာခဲ့ရတဲ့အတွက် ပြန်တိုက်ယူဖို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။

မောင်ဂိုမာရီကိုအာဖရိကစစ်မြေပြင်တာဝန်ပေးလိုက်ချိန်မှာ  ဗြိတိသျှတပ်တွေဟာဂျာမန်စစ်သူကြီး ရွှမ်းမဲ ဆိုတဲ့နာမည်ကြားရုံနဲ့သွေးပျက်တဲ့အထိ တပ်ပျက်နေတဲ့အခြေအနေကနေ အောင် မြင်အောင်လုပ်ခဲ့ရတာဖြစ်ပါတယ်။

ဆာဝီလျံစလင်းဟာ မြန်မာပြည်ကဆုတ်ခွာခဲ့ရတဲ့ ဗြိတိသျှတပ်တွေစိတ်ထဲစွဲနေတဲ့ ဂျပန်ကို ဘယ်တော့မှတိုက်လို့မနိုင်နိုင်ဘူး လို့စိတ်ဓာတ်ကျဆင်းနေတဲ့ အခြေအနေကနေ အောင်မြင်အောင်ပြန်တိုက်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်နေဝင်းကာကွယ်ရေးဦးစီးချုပ်တာဝန် ပေးအပ်ခံရတဲ့၁၉၄၉ ဖေဖော်ဝါရီ ၁ရက်နေ့ဟာ တစ်နိုင်ငံလုံးနီးပါးရောင်စုံသူပုန်တွေသိမ်းထားပြီး ရန်ကုန်ပတ်ချာ လည် သူပုန်ဝိုင်းထားချိန်၊အင်းစိန်စစ်မျက်နှာ မှာKNDO နဲ့တိုက်ပွဲအပြင်း အထန်ဖြစ်နေချိန်ဖြစ်ပါတယ်။

၁၉၈၈ ကရင် ပြည်နယ် မဲသဝေါဒေသ တစ်ခုလုံးစခန်းတွေကျပြီးအလဲလဲအကွဲကွဲ ဆုတ်ခွာလာကြရချိန်မှာဗိုလ်ချုပ်မောင်လှရောက်လာပြီး မာနယ်ပလောက လွဲလို့ ကေအန်ယူ နယ်စပ်စခန်းတွေအကုန်လုံးတစ်ခုပြီးတစ်ခု ဆက် တိုက်ပြန်တိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

စစ်ဆင်ရေးမှာအထိနာလို့ ဖွဲ့စည်းပုံပျက်တဲ့အထိတပ်ပျက်နေတဲ့တပ်တစ်တပ်ကို တပ်မှုးကောင်းအသစ်တစ်ယောက်လက်ထဲအပ်လိုက်တာနဲ့
တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့တပ်အဖြစ်
ချက်ခြင်းပြန်တက်လာတာလည်း တပ်မ တော်သမိုင်းမှာ မကြာခနတွေ့မြင်ခဲ့ကြရပြီးဖြစ်ပါတယ်။

လက်ရှိအခြေ အနေဟာ အထင်ကတင်ပြခဲ့တဲ့ အခြေအနေ တွေထက်အများကြီးကောင်းမွန်နေသေးတဲ့အတွက် ပြန်တိုက်ယူလို့မရစရာ အကြောင်းမရှိပါဘူး။

ခံစစ်စခန်းတစ်ခု ကို ရက်ပေါင်းသုံးလေးဆယ်ကြာသည်အထိ ကြံ့ကြံ့ခံ ခုခံနိုင်တဲ့အရာရှိစစ်သည်တွေရှိနေဆဲဖြစ်လို့ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို
အမြန်ဆုံးပြုပြင်၊ခေါင်းဆောင်မှုကောင်းကောင်းနဲ့တန်ပြန် ထိုးစစ် ဆင်နွှဲပြီး  ဖြစ်နိုင်ပါ့မလားဆိုတဲ့မေးခွန်းတွေကိုချေဖျက်ပြရမယ့်အချိန်ဖြစ်ပါတယ်။

Thaung Lwin Hein
Copy@ အောင် နိုင် သူ

Post a Comment

Previous Post Next Post