1027 ၏ တရားခံ


🇼🇸🇼🇸🇼🇸

ဒီကိစ္စမှာ ရိုးရိုးလေးပါ။ မြန်မာပြည်သူအများစုက တရုတ်လက်ချက်လို့  မြင်တာက အဆိုးမဆိုသာပါ။
ခေတ်အဆက်ဆက် သူပုန်Eaos ခေါင်းဆောင်တွေကို လက်ခံထားတယ်။
ဘဏ်စာရင်းဖွင့်ခွင့်ပေးထားတယ်။ နေစရာပေးတယ်။
လက်နက်နဲ့နည်းပညာ ထောက်ပံ့တယ်။
လက်နက်စက်ရုံတွေ တည်ပေးတယ်။
သူပုန်နယ်မြေမှာ သူပုန်နဲ့စီးပွားရေး ပေါင်းလုပ်တယ်။
BufferZone ခံထားတယ်။
အခန့်မသင့်ရင် ဗကပuniform MNDAA Uniform ပြောင်းဝတ်ပြီး ကူတိုက်ပေးတယ်။

နရသီဟပတေ့မင်းကနေ
ဆင်ဖြူရှင်လက်ထက်ထိ မြန်မာပြည်ကို အကြိမ်ကြိမ်ဝင်ရောက်ကျူးကျော်ခဲ့တယ်။
ဗကပကနေ ဝ ကိုးကန့်အထိ တရုတ်ရဲ့မွေးစားသားဖြစ်တယ်။
ခေတ်အဆက်ဆက် တရုတ်စနက်ကိုဘဲ တွေ့နေရတယ်။
တရုတ်က မြေတောင်မြှောက်ပေးတာ တရုတ်အဓိက မဟုတ်လို့ ဘယ်သူကိုစွပ်စွဲမလဲ။

🇼🇸🇼🇸🇼🇸
မြန်မာပြည်ကသာ ရှင်ကျန်းနဲ့တိဘက် ခွဲထွက်ရေးသမားတွေကို လက်နက်နဲ့နည်းပညာထောက်ပံ့ရင် တရုတ်က ဘယ်လိုသဘောထားမလဲ။
ထိုင်ဝမ်ထလရတွေကို မြန်မာပြည်ကတဆင့် တရုတ်ကို ခြေရှုပ်ခွင့်ပေးမယ်ဆိုရင် တရုတ်လက်ခံမလား။

တရုတ်မွေးလို့ ကြီးတဲ့သူပုန်နဲ့ အနောက်အုပ်စုမွေးတဲ့သူပုန် နဲ့ သူပုန်အချင်းချင်းပေါင်းကြံတာ
သဘာဝဘဲ။
ထို​င်း ဘက်ကနေ CIAနဲ့အနောက်အုပ်စုက မွှေ တယ်။
အရှေ့မြောက်မှာ Chinaက
မွှေတယ်။
အနောက်တံခါးမှာ OIC ကမွှေတယ်။
မမွှေဘဲ ကောင်းတာဆိုလို့ India တနိုင်ငံဘဲရှိတယ်။

🇼🇸🇼🇸🇼🇸
ငွေပေးမြှောက်ပေးခိုင်းလို့ ရနေတဲ့ သူပုန်ရှိနေသမျှ
အနောက်ရောအရှေ့ရော
CIAရော MI6ရော အကုန်ပါတ်ခြေရှုပ်မှာ သဘာဝဘဲ။
အဓိက ကိုယ်မညံ့ဖို့လိုတယ်။
သန်မာဖို့လိုတယ်။ စည်းလုံးဖို့လိုတယ်။
ရန်သူဝိုင်းနေတဲ့နိုင်ငံချင်းအတူတူ အစ္စရေးလို တော်နေဖို့ လိုတယ်။

ကိုယ်မတော်သမျှ ခေတ်အဆက်ဆက်အချခံနေရအုံးမှာ။
အိမ်နီးချင်းမကောင်းတာ အပြစ်ရှိသလို
ကိုယ်အိမ်ကမကြံ့ခိုင်တာက အဓိက အပြစ်ပါ။
ကိုယ့်ကိုယ်ကို တရားခံရှာပြီး  အစွမ်းနိုင်ဆုံးပြုပြင်ဖို့
ကြိုးစားကြဖို့လိုပါတယ်။

NayMyoMyanmar
(22-12-23/Fri)

Post a Comment

Previous Post Next Post