ရှမ်းမြောက်ဒေသတွင် ကုန်သွယ်ရေးအတွက် အရေးပါသော တံတားလေးစင်း ဖျက်ဆီးခံရသည့်အတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်နေဟုဆို

ရှမ်းမြောက်ဒေသတွင် ကုန်သွယ်ရေးအတွက် အရေးပါသော တံတားလေးစင်း ဖျက်ဆီးခံရသည့်အတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်နေဟုဆို

ရှမ်း‌ပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေရာ၊ ယင်းဒေသရှိ ကုန်သွယ်ရေးအတွက် အရေးပါသော တံတား (၄)စင်း ဖျက်ဆီးခံရပြီး‌နောက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ယင်းဖျက်ဆီးခံရသည့် တံတားလေးစင်းမှာ ပင်လုံနှင့်ဟိုပန် ဆက်သွယ်ထားသောကောင်းစံ - နန့်သိန်းချောင်းတံတား၊ မူဆယ်နှင့် လားရှိုးဆက်သွယ်ထားသော သိန္ဒီမြို့အဝင်တံတား၊ ကျောက်မဲနှင့် သီပေါဆက်သွယ်ထားသော ကျင်သီတံတား ၊ မန္တလေးနှင့် လားရှိုးဆက်သွယ်ထားသော သီပေါ - လားရှိုးကြားရှိ စဉ့်အင်တံတားတို့ပျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

Post a Comment

Previous Post Next Post