ဒီမိုကရေစီဆိုတဲ့စကား၊ ဖက်ဒရယ်ဆိုတဲ့ စကားတွေဟာ သူတို့ရဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့ပါးစပ်နဲ့တောင်မှ မလိုက်တဲ့ အကြမ်းဖက်တွေ

❝သူတို့ပြောဆိုနေတဲ့ ဒီမိုကရေစီဆိုတဲ့စကား၊ ဖက်ဒရယ်ဆိုတဲ့ စကားတွေဟာ သူတို့ရဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့ပါးစပ်နဲ့တောင်မှ မလိုက်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော❞

         ≋ပါတီစုံဒီမိုကရေစီစနစ်ကို သံယောင်လိုက်နေတဲ့ အဖွဲ့တွေက ပုဒ်မ ၂၆၁ ကိုပြင်ပါဆိုတဲ့အချိန်မှာ ဘယ်သူမှ တုတ်တုတ်မလှုပ်ဘူးဟုဆို≋



သူတို့ (အကြမ်းဖက်သမားများနဲ့ အကြမ်းဖက်အားပေး မီဒီယာများ) ပြောဆိုနေတဲ့ ဒီမိုကရေစီဆိုတဲ့စကား၊ ဖက်ဒရယ်ဆိုတဲ့ စကားတွေဟာ သူတို့ရဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့ပါးစပ်နဲ့တောင်မှ မလိုက်ဘူးလို့ပဲ ပြောချင်ပါတယ် လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၇ ရက်က ထုတ်ပြန်ပြောဆိုရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

အလားတူ အကြမ်းဖက်သမားများအနေနဲ့ကတော့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်သည် ပထမဦးစွာ အကြမ်းဖက်မှုတစ်ခုကို ဖြစ်မြောက်အောင် လုပ်ပြလိုက်တာပဲ။ ပြီးရင် သူနဲ့ပင်းဖက်တဲ့ မီဒီယာတွေနဲ့ပြီးရင် သူအကြမ်းဖက်လုပ်ခဲ့တာတွေကို ဝေဝေဆာဆာထုတ်ပြန်ပြီး လူထုရဲ့စိတ်ထဲမှာ အကြောက်တရား ဒါမှမဟုတ် လူထုရဲ့စိတ်ထဲမှာ ဂရုစိုက်မှုတစ်ခုရရှိလာအောင် သူကဆောင်ရွက်တာဖြစ်ပါတယ် ဆိုပြီးတော့လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် တပ်မတော်ဟာ ပါတီစုံဒီမိုကရေစီစနစ်ကို သံယောင်လိုက်နေတဲ့အဖွဲ့အစည်းမဟုတ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဘယ်လိုဆောင်ရွက်ပေးနိုင်မယ်ဆိုတာ အမြဲတမ်းတွေးတောနေတာဖြစ်ကြောင်း ပြောကြားပြီး ဒီဟာကို သံယောင်လိုက်နေတဲ့ အဖွဲ့များအနေနဲ့ ပုဒ်မ ၂၆၁ ကိုပြင်ပါဆိုတဲ့အချိန်မှာ ဘယ်သူမှ တုတ်တုတ်မလှုပ်တာကို အားလုံးက သတိရမိမယ်ထင်ပါတယ်။ လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သေးတယ်လို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post