ရခိုင်ပြည်သူတွေ ဘာရွေးမလဲ ?


မနေ့ညနေပိုင်းက မြောက်ဦးမြို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကို AA အကြမ်းဖက် လက်နက်ကိုင်အဖွဲက ချောင်းပစ်ပြီး တိုက်ပွဲဖြစ်အောင်လုပ်တယ်။

မြောက်ဦးမှာ တပ်တွေ၊ ရဲစခန်းတွေဆိုတာ AA အဖွဲမပေါ်ခင်ကတည်းကရှိခဲ့တာ။ သမိုင်းဝင်ဘုရားကြီးတွေ ဘာမှမဖြစ်ခဲ့သလို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO)ဝင်ဖိုလုပ်နေကြတာလည်း အားလုံးအသိ။

အမျိုးသားရေးကိုအကြောင်းပြပြီး လက်နက်ကိုင်လာတဲ့ AA အဖွဲပေါ်လာတဲ့အချိန်မှ ရခိုင်တစ်မျိုးသားလုံးရဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတောင်မရှောင် AA က တိုက်ပွဲဖြစ်အောင်လုပ်တယ်။  တိုက်ပွဲဖြစ်ရင် ဘာအကျိုးဆက်တွေဖြစ်မလဲဆိုတာ သူတိုသိရဲ့သားနဲ့  တမင်လုပ်တာဖြစ်တယ်။

AA လော်ဘီတွေပြောသလို တိုက်ပွဲဖြစ်ရင် မြိုပျက်၊ ရွာပျက်ဖြစ်ရင်လည်း သူတိုလွတ် မြောက်တဲ့အခါ တိုက်အိမ်နဲ့အစားထိုးမယ် ဆိုတဲ့စကားလို  မြောက်ဦးသမိုင်းဝင်ဘုရားတွေဟာ  ပျက်စီးသွားရင် ဘယ်အရာနဲ့မှ အစားထိုးလို မရဘူးဆိုတာ AA လက်နက်ကိုင်အဖွဲ မသိတာလား ? သိလျက်နဲ့ တမင်လုပ်တာလား ? ရခိုင်ပြည်သူတွေက မြောက်ဦးသမိုင်းဝင်ဘုရားတွေ ပျက်စီးတာကိုလက်ခံပြီး AA ကို ထောက်ခံမဲ့သူတွေတော့ ရှိမှာမဟုတ်ဘူး။

#western24news

Post a Comment

Previous Post Next Post