NUG၊ PDF အဖွဲအနေဖြင့် ရဟန်းသံဃာ (၉၂) ပါး နှင့် ပညာရေးဝန်ထမ်း (၈၈) ဦးကို သတ်ဖြတ်ခဲ့ကြောင်း နစကပြော


လက်ရှိ နစကအစိုးရလက်ထက်၌ NUG၊ PDF အဖွဲအနေဖြင့် ရဟန်းသံဃာ (၉၂)ပါး နှင့် ပညာရေးဝန်ထမ်း (၈၈) ဦး ကို သတ်ဖြတ်ခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်း ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ အထိ NUG၊ PDF အဖွဲအနေဖြင့် ရဟန်းသံဃာ (၉၂)ပါးကို သတ်ဖြတ်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထိုပြင် ၎င်းအဖွဲများအနေဖြင့် ပညာရေးဝန်ထမ်း (၈၈)ဦး နှင့် ကျန်းမာရေးဝန်ထမ်း (၂ဝ)ဦးကိုလည်း သတ်ဖြတ်ခဲ့ ကြောင်း နစကဘက်က ဆိုသည်။

“ဒါမျိုးက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စလေ။ ကျွန်တော်တိုက ပညာရေးဆိုတာ လွတ်လွတ်လပ်လပ်ပေးရတဲ့အရာ လေ။ ဥပဒေမှာလည်း လွတ်လပ်စွာ ပညာသင်ကြားခွင့် ဦးစားပေးဖော်ပြထားတာရှိတယ်လေ။ စာသင်ကျောင်းတွေ၊ ဆရာ၊ ဆရာမတွေ ပညာရေးဝန်ထမ်းတွေကို ဖျက်ဆီးသတ်ဖြတ်တဲ့အဖွဲကတော့ ဘယ်အဖွဲအဖြစ်ဖြစ် အကြမ်းဖက် အဖွဲလိုပဲ သတ်မှတ်ရမှာပဲ” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ ကျောင်းဆရာတစ်ဦးက သုံးသပ်ပြောကြားသည်။

အလားတူ NUG၊ PDF တိုအနေဖြင့် မီးရှိဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း ပြုလုပ်ခဲ့သည့် ဆေးရုံ၊ ဆေးခန်းပေါင်းသည် (၅၅)ခု နှင့် စာသင်ကျောင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံပေါင်း (၇၇၃)ခု ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထား သည်။

“ဒီလိုအဖျက်လုပ်ငန်းတွေ လုပ်နေတဲ့သူတွေဟာ ကျွန်တော်တိုနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ အရေး၊ တိုင်းရင်းသားတွေပြောနေတဲ့ ဖက်ဒရယ်အရေးဆိုတာတွေကို လုပ်ဆောင်မယ့်သူတွေလား။ အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ပြီး သူတိုအာဏာရရှိရေး လုပ်ဆောင်မယ့်လူတွေလားဆိုတာ ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ ခွဲခွဲခြားခြား ကွဲကွဲပြား ပြား သိမြင်နိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုပြင် အများပြည်သူအသုံးပြုနေသည့် ဆက်သွယ်ရေးတာဝါတိုင် (၆ဝဝ)ကျော်ကိုလည်း NUG၊ PDF အဖွဲအနေဖြင့် ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ နစကအစိုးရလက်ထက်တွင် အကြမ်းဖက်အဖွဲများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် လူဦးရေ (၆၇ဝဝ)ကျော် သေဆုံးခဲ့ရသည်။

ရဟန်းသံဃာ အပါအဝင် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်အများအပြားသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် မန္တ လေးတိုင်းတိုတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒီဘက်မှာရှိတဲ့ PDF တွေရဲ့နောက်မှာ KIA လက်နက်ကိုင်အဖွဲ ကြိုးကိုင်ချယ်လှယ်နေတယ်လိုတော့ ဦးဇင်း ထင်ပါတယ်။ KIA ရဲ့ မှိင်းတွေမိနေလို ဒီလောက်အထိ ရက်ရက်စက်စက်ဖြစ်နေတာ။ စစ်ကိုင်း၊ မကွေးဘက်မှာပဲ ဒီလိုဖြစ်စဉ်တွေ အများဆုံးဖြစ်နေတာ။ နောက် စစ်တပ်က လာရောက်တည်းခိုတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် ဒလန်ဘုန်းကြီး ကျောင်းဆိုပြီး စွပ်စွဲခံရတာတွေရှိတယ်။ တစ်ချိုဘုန်းကြီးတွေလည်း ကျောင်းမှာတောင် သီတင်း မသုံးရဲဖြစ်နေတယ်” ဟု မကွေးတိုင်းအတွင်းရှိ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး နိုင်ငံတော် တာဝန်ရယူထားသည့် နစကအနေဖြင့် အပြည့်အဝကာကွယ်ပေးနိုင်ခြင်းမရှိသကဲ့ အကြမ်းဖက်အဖွဲများအနေဖြင့် လည်း ဆက်လက် အကြမ်းဖက်နေလျက်ရှိသည်။


            မန်သစ္စာ

Post a Comment

Previous Post Next Post