ထရွန်အိုင်စခန်းကို လွယ်လွယ်နဲ့ဆုတ်ခွာပေးခဲ့တာတော့မဟုတ်ဘူး


AA အကြမ်းဖက်အဖွဲ့အနေနဲ့ ထရွန်အိုင်နားက ဆတ်ပစ်ပင်၊ ဒလက်မေ၊ မီးဇာ၊ ဥဿလင်းရွာတွေကလူတွေကို နိုဝင်ဘာလ ၁၂ ရက်က မောင်းထုတ်ပြီး အဲ့ဒီရွာတွေမှာ ခြေကုပ်ယူကာ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက် ၆ နာရီမှာ ထရွန်အိုင်က ကာကင်း(၁)စခန်းကို စတိုက်ခဲ့တယ်၊ တိုက်တဲ့အချိန်မှာလည်း ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မရာလဲန်း(MDF) အဖွဲ့တွေပါပူပေါင်းပါဝင်ခဲ့ပြီး မြေပြင်သတင်းအရ အင်အား ၁၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။  တိုက်တဲ့အချိန်မှာလည်း ဒရုန်းနဲ့ ဒရော့ဗုံးတွေကျဲပြီး လူအင်အားအလုံးအရင်းနဲ့ တိုက်ခဲ့တာပါ။ တပ်က လက်နက်ကြီးပစ်ကူတွေအပြင် ရဟတ်ယာဉ်၊ ဂျက်လေယာဉ်တွေနဲ့ ပါပစ်ကူပေးပြီး ခုခံတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ထိ ၁၀ ရက်တိုင်တိုင် ရန်သူဘက်မှ ကျားထိုးတက်သည့်အကြိမ်ပေါင်း ၄၀ ကျော် ခုခံတိုက်ခိုက်ခဲ့ပြီး ယင်းနေ့မှာပဲ အင်အားမမျှတာကြောင့် ကာကင်း(၁)ကို စွန့်ခွာကာ ကာကင်း(၂)ကိုသွားပေါင်းပြီး ဆက်လက်ခုခံတိုက်ခိုက်ခဲ့ပါတယ်။ တစ်ဖက်ရန်သူက မြေပြင်အသာစီးရသွားတာကြောင့် လက်နက်ကြီးနေရာတွေကို စနိုက်ပါများဖြင့် တိုက်ခိုက်ခဲ့သလို စခန်းပေါ်ကို ဒရော့ဗုံးနှင့်အတူ ဆီဘူးများဖြင့်ပါ ကြဲချတိုက်ခိုက်ခဲ့ ပါတယ်။ တပ်မတော်ဘက်ကလည်း Air Drop ဖြင့် ရိက္ခာများ/ခဲယမ်းများ အဆက်မပြတ်ချပေးခဲ့ပါတယ်။ နေ့ရောညပါ လက်နက်ကြီးပစ်ကူတွေအပြင် ရဟတ်ယာဉ်၊ ဂျက်လေယာဉ်တွေနဲ့ ပါပစ်ကူပေးပြီး ခုခံတိုက်ခိုက်ခဲ့ပါတယ်၊

ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရန်သူ၏ အထက်မှ ရအောင်တိုက်ဖို့ ဖိအားပေးခံခဲ့ရတာကြောင့် အသေခံတိုက်ခိုက်ခဲ့ပြီး တပ်မတော်ရဲ့ ဒုတိယမြောက် ကာကင်း(၂)စခန်းကို ဆုတ်ခွာပေးခဲ့ရပါတယ်။

ဒီဇင်ဘာလ ၃ ရက်မှာ ရဟတ်ယာဉ်ကွင်းကုန်းကို ယောင်ပြ၊ အဓိကတိုက်စစ်တွေနဲ့ နှစ်ဖက်ညှပ်တိုက်ခဲ့ပြီး ဒရော့ဗုံးများလည်း အဆက်မပြတ်ချခဲ့သောကြောင့် ပင်မကုန်းကို ထပ်မံဆုတ်ပေးခဲ့ကြရပါတယ်။ တိုက်ပွဲကာလတစ်လျှောက် ၎င်းတို့ဘက်က အကြိမ်ရေပေါင်း ၅၀ ကျော်မက တက်လုံးခဲ့တာကို ရင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်။ ရန်သူ့ဘက်မှ ဒရုန်းဖြင့် “လက်နက်ချရန်နှင့် ရဲတပ်ဖွဲ့ဝင်များအား CDM လုပ်ရန်” ဝါဒဖြန့်စာများ ကြဲချခြင်း၊ စခန်းအောက်ခြေမှ အော်ဟစ်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သော်လည်း လက်နက်ချအညံ့မခံဘဲ ပြန်လည်ခုခံ တိုက်ခိုက်ခဲတာပါ။

ထိုစခန်းမှာ တပ်မတော်သားတွေသာမက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ၊ အသက်ကြီးပိုင်းတွေ ကလေးတွေပါရှိနေပြီး ရန်သူမှ ညဦးပိုင်းကတည်းက ဒရော့ဗုံးတွေချ ညာသံပေးကာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ပြီး အကြိမ်ကြိမ်နောက်ဆုံးချေမှုန်းရေးလုပ်နေခဲ့ပါတယ်။ ဒါကြောင့် ည ၂ နာရီမှာ ရန်သူအငိုက်ရယူ၍ ပင်မစခန်းကနေ စနစ်တကျပြန်လည်ဆုတ်ခွာခဲ့ကြပြီး မိမိအဖွဲ့တွေနဲ့ ပေါင်းနိုင်ခဲ့ပါတယ်။

တိုက်ပွဲကာလတစ်လျှောက် လေယာဉ်ဗုံးကြဲတာ စခန်းကပစ်ခတ်တာတွေကြောင့် ရန်သူဘက်က သေဆုံးသူ ၁၀၀ ကျော်၊ ဒဏ်ရာရသူ ၅၀၀ ကျော်ကို ဥသလင်းရွာ၊ ဒလက်မေရွာ၊ စက်ပစ်ပင်ရွာ၊ ကူဝရွာတွေမှာ ညတိုင်းအမှောင်ကို အကာအကွယ်ယူပြီး စက်လှေတွေနဲ့ ပို့ဆောင်ကုသခဲ့တယ်။ ထွက်ပြေးသူအများကြီးရှိခဲ့တယ်။ (၂)ရက်နဲ့ အပြီးတိုက်မယ်လို့ စီမံချက်ရေးခဲ့တဲ့ ထရွှန်အိုင်စခန်းကို (၂၁)ရက် အပြင်းအထန်တိုက်ခိုက်ခဲ့ရတယ်။ အဲဒီလို ထိခိုက်မှုများခဲ့တာကြောင့် ဓာတုဗုံးတွေသုံးနေပါတယ်ဆိုပြီး လျှောက်အော်ခဲ့သလို ထွန်းမြတ်နိုင်ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း လူသစ်တွေ အရေးပေါ်လိုနေကြောင်း လူငယ်တွေ အမြန်ဝင်ကြဖို့လိုကြောင်း ဦးစားပေးထုတ်ပြန်လာတာ တွေ့ရတယ်။ (၂၁)ရက်အတွင်း လက်နက်ကြီး၊ လေယာဉ်ဗုံးထိသေတဲ့သူ ၁၀၀ ကျော်ကို ရွာသားတွေနဲ့ ခေါ်မြှုပ်ခိုင်းနေပြီး ဥဿလင်း၊ ဒလက်မေ၊ ဆတ်ပစ်ပင်၊ မီးဇာ၊ ထရွှန်အိုင်စတဲ့ ရွာ ၅ ရွာက သင်္ချိုင်းတွေပါ မလောက်လို့ ရွာအနားတွေမှာပါ မြှုပ်နေရတယ်လို့ သိရတယ်။

သေဆုံးသူအများစုက ချင်းရွာတွေကနေ NUG ကျောင်းတက်ခိုင်းမလို့ဆိုပြီး ရွာတွေကနေဖမ်းဆီးကာ နှစ်ပတ်စစ်သင်တန်းပေးပြီးနောက် ရှေ့ကအသေခံခိုင်းခဲ့တာလို့ သိရတယ်။ တပ်ကပြန်ဆုတ်တဲ့အချိန် လက်နက်/ခဲယမ်း၊ ရိက္ခာတွေကို ဖျက်ဆီးခဲ့တာကြောင့် AA အဖွဲ့အနေနဲ့ မြေသာရပြီး ၎င်းတို့ဘက်က လူ၊ လက်နက်/ခဲယမ်းတွေ မြောက်များစွာဆုံးရှုံးခဲ့ရတယ်။ တိုက်ပွဲအတွင်း ထွက်ပြေးလာသူတွေကိုလည်း ပလက်ဝမှာ ဖမ်းမိထားတယ်လို့ သိရတယ်။ သူတို့ ပြောစကားအရ နှုံးဘူးစခန်းကိုလည်း ဆက်တိုက်ဖို့ စီစဉ်နေတာကြောင့် ထွက်ပြေးလာကြတာလို့ သိရှိရတယ်။

AA က တက်သိမ်းတာမဟုတ်ဘူး အခွံသာကျန်ခဲ့တဲ့ မြေနေရာကို ဆုံးရှုံးမှုများစွာနဲ့ တက်နေနေတာလို့ပဲ ပြောရပါလိမ့်မယ်။
#MinChitOo

Post a Comment

Previous Post Next Post