မြို့ဖျက်ဖို့အားပေးသူနဲ့မြို့ပျက်ဖို့ကြောက်နေကြသူများ


မြို့တွေကိုသိမ်းဖို့ ဖျက်စီးဖို့အတွက်
အကြမ်းဖက်တွေကို
မြှောက်ပေးကြတဲ့သူတွေက
ပြည်ပနေကြသူတွေ။

ပြည်ပကမြှောက်ပေးတာကို
ဝိုင်းပြီးထောက်ခံနေတာက
အခြားအသိမ်းမခံရတဲ့ မြို့တွေက
အကြမ်းဖက်အားပေးတွေ။

မြို့တွေပျက်စီးလို့ ဒုက္ခရောက်ကုန်ကြတာက
ဒေသခံပြည်သူတွေ။

အဲ့ဒီထောက်ခံနေတဲ့သူတွေကိုမေးကြည့်
သူတို့နေတဲ့မြို့ကိုလာသိမ်းပါလို့
ဘယ်ကောင်မှမအော်ဘူး။။
ခွက်ဆွဲသွားရမယ်ဆိုတာ
ဒီကောင်တွေသိတယ် မအဘူး။

ပျက်စီးသွားတဲ့မြို့တွေ ကြည့်လိုက်
အေးအေးချမ်းချမ်းနေတဲ့ ဒေသခံပြည်သူ
၇၀ ရာခိုင်နှုန်းကျော်မရှိတော့ဘူး။
စစ်ဘေးရှောင်ဘဝနဲ့ ထွက်ပြေးနေကြရပြီ။

၃၀ ရာခိုင်နှုန်းလောက်ပဲ CDM လုပ်ပြီး
အကြမ်းဖက်အားပေး သူလောက်ပဲကျန်တာ။

တပ်ကအဲ့ဒီအတိုင်းထားမယ်ထင်လို့လား။
လက်အုပ်လေးချီပြီးဆုတောင်း။

အကြမ်းဖက်တွေ အုပ်ချုပ်ပြီးအေးချမ်းစွာ
နေထိုင်နေတဲ့မြို့ မြန်မာနိုင်ငံသမိုင်းမှာလည်းမရှိသလို
အခုထိလည်းမရှိဘူး။

တပ်ကပြန်တိုက်လို့ စစ်ပွဲတွေပြန်ဖြစ်ရင်
သက်ဆိုင်တဲ့မြို့တွေက ထပ်ပြီးတော့ပျက်စီးအုံးမှာပဲ။

နောက်ဆုံးတော့ ဒေသခံပြည်သူလူထုပဲ
မြေစာပင်ဖြစ်ရတာ။

ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဒေသကို
ဖျက်စီးဖို့မြှောက်ပေးနေတဲ့ကောင်တွေရဲ့
နုတ်ဖြားမှာ လမ်းမဆုံးစေနဲ့ တစ်သက်လုံး
ခွက်ဆွဲပြီးနေသွားရလိမ့်မယ်။

#KT

Post a Comment

Previous Post Next Post