မင်းဓမ္မတောင်ကုန်းမှထူးခြားသောစာတန်း


မင်းဓမ္မတောင်ကုန်းအင်းစိန်မှာရှိသည်

သာမန်တောင်ကမူလေးပါပဲ

မည်သူမျှသတိပြုကြမည်မထင်ပါ

အင်းစိန်သူအင်းစိန်သားများပင်

သတိထားမိကြမည်မဟုတ်ပါ

ယနေ့ခေတ်အင်းစိန်မြို့

ဘက်စုံတိုးတက်ရေးအတွက်

လမ်းသစ်တွေဖောက်တောင်ကမူတွေဖြို

တိုက်သစ်တွေဆောက်နှင့်ရှေးနှင့်မတူ

အထူးပြောင်းလဲနေသော်လည်း

မင်းဓမ္မတောင်ကတော့ယခင်အတိုင်း

ကျန်ရှိနေပေသည်..

တောင်ကလေးကမမြင့်ပေမဲ့

သစ်ပင်ဝါးပင်တွေအထူးသဖြင့်

ကုက္ကိုပင်တွေဖုံးအုပ်နေပေသည်

အရိပ်အာဝါသကောင်းပြီးတော့

တကယ့်တရားကျင့်ရာတောရစခန်းလို

ဖြစ်နေပေသည်..

သို့သော်...

မင်းဓမ္မတောင်ပေါ်၌

ထူးထူးဆန်းဆန်းကျည်ဆန်တတောင့်

ထောင်နေသလို ကျောက်တိုင်တစ်တိုင်

မားမားမတ်မတ်စိုက်ထူထားသည်..

အမြင့် ပေ(၂၀)ခန့်ရှိမည်

ကျောက်တိုင်နှင့် မနီးမဝေးတွင်

အုတ်တိုက်လေးတစ်ခု

ကျောက်တိုင်ဘုန်းကြီးကျောင်းဟု

ယခင်ကဆရာတော်တပါးသီတင်းသုံးခဲ့ဖူးသည်

ယခု မရှိတော့...

သို့သော် မင်းဓမ္မကုန်းနှင့်ဆက်သွယ်နေ သော

အနီးကပ်တောင်ကုန်းတွင်မူ

ဇေယျာသီရိဘုန်းကြီးကျောင်းနှင့်လွန်စွာမှ

သပ္ပါယ်ကြည်ညိုဖွယ်ကောင်းလှသော

စေတီတစ်ဆူတည်ထားသည်..

ဘုရားထီးတော်မှဆည်းလည်းသံက

တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော

မင်းဓမ္မကုန်းပေါ်သို့ပျံ့လွင့်လို့လာပါသည်

သာသနိကအဆောက်အအုံ သာသနာ့‌မြေ

သာသနာရေးဆိုင်ရာအမှတ်အသားတွေ

ဟုပင်ယူဆဖွယ်ရှိနေသည်..

ကျည်ဆန်ကျောက်တိုင်မို့

ဘာများပါလိမ့်ဟူ၍ အနီးကပ်သွားရောက်

စူးစမ်းသည့်သဘော..

ကျောက်တိုင်ပေါ်တွင်ရေးထိုးထားသော

စာတန်းလေးကိုဖတ်လိုက်မည်ဆိုပါက

“အမှတ်(၅)ဗမာ့သေနတ်ကိုင်တပ်ရင်း

၁၉၄၉ ခုနှစ် မင်းဓမ္မတောင်ကုန်း

ဦးစက္ကိန်ကျောင်းတိုက်ပွဲ၌ကျဆုံးသွားသည့်

စစ်သည်တော်များအတွက်

အထိမ်းအမှတ်ဂုဏ်ပြုကျောက်တိုင်”ဟူ၍

ထူးခြားသောစာတန်းလေးကို

တွေ့ကြရပေမည်...

အမှန်တော့ ၁၉၄၉ ခုနှစ်ဆိုတာ

လွတ်လပ်ရေးရပြီးစနောက်တနှစ်ပေါ့

ခုဆို နှစ်ပေါင်း ၆၉ နှစ်ပင်ကြာခဲ့ပြီ..

မင်းဓမ္မတောင်ကုန်းပေါ်မှ

ကျည်ဆန်ပုံကျောက်တိုင်လေးက

နိုင်ငံတော်သမိုင်း တစိတ်တစ်ဒေသ(ဝါ)

တပ်မတော် သမိုင်းတစ်ကွေ့ကို

ပြောပြနေပါသည်..

တနည်းအားဖြင့်

တရံရော အခါက

မိဘဘိုးဘွားခေတ်အဆက်ဆက်

မရေမတွက်နိုင်သောအသက်တွေပေးပြီးတော့

ခက်ခက်ခဲခဲရယူခဲ့သောမြန်မာ့လွတ်လပ်ရေးကြီး

လုံး၀ဆုံးရှုံးတော့မည့်ဘေးအန္တရာယ်ဆိုးကြီးမှ

တပ်မတော်သားတွေက

သွေးချွေးရင်းပြီးမည်သို့မည်ပုံကယ်ခဲ့ရသည်ကို

သက်သေထူနေခြင်းပင်ဖြစ်သည်..

ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)
#မှူးသမိန်

Photo credit

2 Comments

  1. ပြည်သူအများသိထားသင့်သည်။

    ReplyDelete
  2. ပြည်သူအများသိထားသင့်သည်။

    ReplyDelete

Post a Comment

Previous Post Next Post