ဘယ်တော့မှမရှုံးတဲ့ ငါတို့ ရဲဘော်တွေ


ဒီနေ့ နမ့်ဆန်စခန်းမှာ ရှေ့တန်းအကျဆုံး
ကောင်းတုံခေါ်သံတွေနဲ့ တိုက်ပွဲဝင်ခဲ့တဲ့
ပါရဂူဘွဲ့ရ ညီလေး အမြောက်
တပ်စုမှူးကြီးနဲ့ အဆက်အသွယ်ရတယ်။
သူက ခွာစစ်ဆင်လာခဲ့ရတာကို
လုံးဝမကျေနပ်ဘူး။ တချို့စစ်သည်တွေ
ကျကျန်ခဲ့တာကိုလည်း စိတ်မကောင်းဘူး။
ခုလည်း သူ လားရှိုးကိုရောက်နေပေမဲ့
ပြန်တိုက်မယ်ဆိုတာချည်းပဲ။
အထက်အရာရှိကြီးတွေနဲ့
တွေ့တဲ့အချိန်မှာလည်း တာဝန်ပေးရင်
ပြန်တိုက်မယ်တဲ့။
ဆိုတော့ .. သူ့ကို မေးကြည့်တယ်။
"မင်း ... နိုင်မယ်ထင်လား" ဆိုပြီး
သူကတော့ ... ပြတ်သားတယ်
"နိုင်မှာ အစ်ကိုကြီး နိုင်ကိုနိုင်မှာ ....."

ကြားရတဲ့ ကိုယ်တောင်
ကြက်သီးဖြန်းဖြန်းထသွားတယ်။
-
ရန်သူဟာ ကျွန်တော့်တို့ဆီက အချို့
ဖမ်းဆီး/လက်နက်ချတဲ့ အရာရှိ/စစ်သည်
တွေကို ထုတ်ပြပြီး တပ်ပြိုလဲနေပြီလို့
ဝါဒဖြန့်ပေမဲ့ ခုလိုမျိုး ယုံကြည်ချက်၊
ခံယူချက်မြင့်မားနေတဲ့ အရာရှိ/
စစ်သည်တွေ ရှိမှန်းလည်း သူတို့သိနေတယ်။
ဒါကြောင့် အမြဲအွန်လိုင်းကနေ ဝါဒဖြန့်နေတာ။
-
ဆိုတော့ .... ကျွန်တော်တို့တစ်တွေ
တချို့နေရာတွေက ခေတ္တခွာစစ်ဆင်
လာခဲ့ရပေမဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်
အရာရှိ/စစ်သည် တွေရဲ့ စိတ်ထဲ
အောင်စိတ်တွေရှိနေသေးကြောင်း
ဖျတ်ကနဲမြင်လိုက်ရတယ်။
-
တချိန်တုန်းက ကွမ်းလုံမှာ ရန်သူ
ဗကပ ရဲ့ လူလှိုင်းတိုက်စစ်ဒဏ်ကြောင့်
ဗိုလ်သိန်းမြင့် ဦးစီး တပ်စုဟာ
မန်ခါးကနေ ခွာစစ်ဆင်ခဲ့ရတယ်။
အဲ့အဖွဲ့တွေ ဗျူဟာကုန်းကိုပြန်ရောက်တော့
ဗိုလ်မှူးကြီးထွန်းရီ က
တစ်ယောက်ချင်းဆီမေးမြန်းပြီး
"ကျုပ်တို့လူတွေရှုံးလာခဲ့တယ်
စစ်ဆိုတာကတော့ အနိုင်နဲ့အရှုံးနှစ်ခုပဲရှိတာပဲ
ဒါပေမဲ့ ကျုပ်တို့လူတွေ ရင်ထဲမှာ
အရှုံးပေးတဲ့ စိတ်ဓာတ်မရှိဘူးလို့
ကျုပ်ယုံကြည်တယ်"
ဆိုတဲ့
မှတ်ချက်ပြုခဲ့ဖူးတယ်
-
သူ မှတ်ချက်ပြုသလိုပဲ စစ်ပွဲရဲ့
အလှည့်အပြောင်းတစ်ခုဖြစ်တဲ့
ဟိုက်ကမ်းပါး တိုက်ပွဲမှာ တပ်ဟာ
ပြန်လည်ဦးထောင်လာခဲ့ပြီး ကွမ်းလုံ
ဒေသကိုမကျဆုံးအောင် ကာကွယ်နိုင်ခဲ့တယ်။
-
ခုလည်း... ဒီလို ယုံကြည်ချက်တွေရှိ
နေသေးတဲ့ အရာရှိ/စစ်သည် တွေနဲ့
စစ်တိုက်နေသေးသရွေ့ဘယ်တော့မှ
မရှုံးဘူးလို့ယုံကြည်ပါတယ်။
"ဘယ်တော့မှမရှုံးတဲ့ ... ငါတို့ရဲဘော်တွေ
တရားသောစစ်မှာအောင်ပါစေ"

Crd.မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post