KTLA ၏ ဒုစစ်ဦးစီးချုပ်ဆိုသူ ဒုဗိုလ်ချုပ်ကြီးစောဘဝါး ချင်းမိုင်ဆေးရုံမှာသေဆုံး


သူ့ကိုယ်သူ ကော်သူးလေးနိုင်ငံတော်၏ ဒုသမ္မတအဖြစ် ကင်ပွန်းတပ်ခဲ့သည့် ကော်သူးလေးတပ်မတော် (KTLA)၏ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဆိုသူ စောဘဝါးသည် ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဆေးရုံ၌ သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်း နီးစပ်သူများက အတည်ပြုထားသည်။

အဆိုပါ စောဘဝါးသည် ဒီဇင်ဘာလ တတိယအပတ်အတွင်းက ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေမြစန္ဒီရွာ၌ ကရင်ဒုံးယိမ်းအက ကြည့်နေစဉ် လက်နက်ကြီး ထိမှန်ခဲ့၍ ဆေးကုသမှုခံယူခဲ့ရပြီးနောက် သေဆုံးသွားခြင်းဖြစ်ကြောင်း လုံခြုံတပ်ဖွဲ့နှင့် နီးစပ်သူများက မှတ်ချက်ပြုထားသော်လည်း မိသားစုဝင်များနှင့် နီးစပ်သူများကတော့ လူကြီးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

KNU လက်အောက်ခံ KNDO တွင် တာဝန်ထမ်းဆောင်ခဲ့စဥ်က မြဝတီခရိုင်၊ ဝေါ်လေဒေသ၌ အရပ်သား ၂၅ ဦးကို သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ KNDO စစ်ဦးစီးချုပ် တာဝန်ယူ ထားသူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့်အတူ အရေးယူခံခဲ့ရသည့် စောဘဝါး ဈာပနာအခမ်းအနားကို ယခုရက်ပိုင်းအတွင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post