ချောင်းနှစ်ခွရဲစခန်းသို့ စစ်ကူများရောက်ရှိ


နိုဝင်ဘာလ ၁၀ ရက်နေ့ကစတင်၍ အကြမ်းဖက် လက်ပြတ် အယ်စေးဝါး ဉီးဆောင်သော Lion Battalion စစ်ကြောင်းသည် ချောင်းနှစ်ခွတံတား၊ ချောင်းနှစ်ခွ ရဲစခန်းတို့အား တိုက်ခိုက်ခဲ့သည်။

တံတားလုံခြုံရေးအဖွဲ့သည် အင်အားမမျှသဖြင့် ရဲစခန်းသို့ဆုတ်ခွာ၍ ပူးပေါင်းခုခံခဲ့ရပြီး
အကြမ်းဖက်အဖွဲ့က ထိုတံတားအား မိုင်းခွဲဖျက်ဆီးခဲ့သည်။

ချောင်းနှစ်ခွရဲစခန်းကို သာလွန်အင်အားဖြင့် အကြိမ်ကြိမ်တိုက်ခိုက်သော်လည်း ခံစစ်ပြင်ဆင်မှု ကောင်းမွန်ခြင်း၊ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ ထိရောက်ခြင်းတို့ကြောင့် ၄၉ ရက်တိုင်တိုင် စခန်းမကျအောင် ခုခံနိုင်ခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကူလိုက်သော စစ်ကြောင်းများသည် ချောင်းနှစ်ခွရဲစခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ပြီဖြစ်သည်။

'ငါမသေ စခန်းမကျစေရ' စိတ်ဓာတ်ဖြင့် ကြံကြံခံတွန်းလှန်ခဲ့သော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဉီးညွှတ်အလေးပြုပါသည်။

အခက်အခဲအမျိုးမျိုးကြားက ရည်မှန်းချက်သို့ရောက်အောင် ချီစစ်ဆင်နိုင်ခဲ့သော စစ်ကူစစ်ကြောင်းများကိုလည်း ချီးကျူးဂုဏ်ပြုပါသည်။
အကြမ်းဖက်များ အမြန်ဆုံးကျဆုံးရမည်..😏😏
SBM

Post a Comment

Previous Post Next Post