တပ်မတော်နှင့် သကသ


ဒီအဖွဲ့အစည်းနှစ်ခုဟာ ဦးတည်ချက်နှင့် လားရာမတူတဲ့ အပြင် စည်းမျဉ်းစည်းကမ်း တစ်ခြားစီပါ။ သကသ‌တွေအတွက်တော့ ဘာစည်းမျဉ်း ဘာဥပဒေသမှမရှိ/လိုက်နာစရာလည်းမရှိ လုပ်ဆောင်နေကြပြီး တပ်မတော်အနေနဲ့ တရားဝင် နိုင်ငံတစ်နိုင်ငံ၏ တပ်မတော်ဖြစ်ခြင်းကြောင့် စည်းမျဉ်းစည်းကမ်း ဥပဒေသများအား သေချာစွာလိုက်နာစောင့်ထိမ်းရပါတယ်။
တပ်မတော်အားပေးသူများအနေဖြင့် တချို့တချို့သော ကိစ္စရပ်တွေမှာ တပ်မတော်အပေါ်ရော တပ်မတော်အကြီးအကဲများအပေါ်ရော အားမလိုအားမရ စိတ်တွေပေါ်ပေါက်ခဲ့ကြမှာအမှန်ပါပဲ။ NCA စာချုပ်ကို သေချာလေ့လာကြည့်လိုက်ရင်တော့ အဲ့ဒီစာချုပ်အပေါ်မှာ ထားရှိတဲ့ ကတိကဝတ်တွေ စည်းမျဉ်းတွေကို တကယ်တမ်း လိုက်နာတာ တပ်မတော်ဘက်ကပဲရှိပါတယ် EAOs တချို့အနေနဲ့ NCA စည်းမျဉ်းစည်းကမ်းများကို လုံးဝလိုက်နာစောင့်ထိမ်းခြင်းမရှိတာကို သုံးသပ်တွေ့ရှိရပါတယ်။
တပ်မတော်အနေနှင့် NCA စာချုပ်တင်မဟုတ်ပါဘူး နိုင်ငံမှချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာဆောင်ရွက်နေတာဖြစ်လို့ အရာရာမှာ ချင့်ချိန်ပြီးမှ လုပ်ကိုင်နေရတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဥပမာအနေဖြင့် မဲမသမာမှုကြောင့် အာဏာထိန်းတာကိုပဲကြည့်၊ လွှတ်တော်သက်တမ်းကုန်တဲ့ည ၁၂ နာရီနဲ့ လွှတ်တော်သစ်စမယ့် မနက် ၁၀ရီအကြား အဲဒီစပ်ကြားကာလ ၁၀ နာရီကိုပဲ အမိအရကိုင်လုပ်သွားတာ။ ဘောင်ထဲကနေ ကဗျာလွတ်ကသွားတာ။
ဒီတော့ အခုရှမ်းမြောက်ဖြစ်စဉ်မှာလည်း NCA စာချုပ်ပါ စည်းကမ်းဥပဒေများအရ ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်နေ့သည် တပ်မတော်၏ မူ/ဘောင်/စည်း အတွင်းမှ သည်းခံနိုင်မှု နောက်ဆုံးအချိန်ပဲဖြစ်ပါတယ် အဲဒါကြောင့်မို့လို့  ဒီနယူးရီယားညကို တော်တော်အလေးထားစောင့်ကြည့်ချင်တာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post