စက်သုံးဆီကိစ္စနဲ့ ပတ်သက်လို့ အနည်းငယ်ပြောချင်ပါတယ်


သူတို့တွေပြောသလို စက်သုံးဆီက ပြတ်လပ်သွားတာ မဟုတ်ပါဘူး။ ဆိပ်ကမ်းက မြေစိုက် Tank တွေမှာလည်း အပြည့်၊ ဆိုက်ကပ်ထားတဲ့ ဆီသင်္ဘောတွေရဲ့ Tank တွေထဲမှာလည်း အပြည့်ပါ။
-
စည်းမျဉ်း/စည်းကမ်းချက် အချို့ကြောင့် ဆီဖြန့်ဖြူးတာတွေ အနဲငယ်ကြန့်ကြာသွားရခြင်းဖြစ်ပါတယ်။ အလုံအလောက်ရှိပါတယ်။ ရေသန့်ဗူးတွေနဲ့ ဝယ်စရာမလိုသလို တိုင်ကီလိုက်လည်း လှောင်ထားစရာမလိုပါဘူး။ ဒီနေ့ နေ့လည်ပိုင်းကစပြီး သင်္ဘောပေါ်က စက်သုံးဆီတွေကို ကားတွေနဲ့ ကဲ့နေပါပြီ။ ကောလာဟလတွေကိုလည်း မယုံကြပါနဲ့။ တာဝန်ရှိသူတွေကလည်း ပြည်သူတွေနားလည်အောင် ရှင်းရှင်းလင်းလင်း ချပြသင့်ပါတယ်။
-
ဆီဈေးတက်တာက မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ပါ။ တစ်ကမ္ဘာလုံးတက်နေတာပါ။ ရုရှား-ယူကရိန်း အရေးအခင်းဖြစ်တုန်းက ရုရှားနဲ့ UAE နိုင်ငံက ဆီတွေကို လျော့ထုတ်လို့ ဈေးတက်တယ်။ အခု အစ္စရေး-ပါလက်စတိုင်းအရေးအခင်းဖြစ်တော့ သူတို့ ၂ နိုင်ငံတင်မကဘူး OPEC ကမ္ဘာတစ်ခုလုံးကပါ ရေနံကို လျော့ထုတ်တယ်။
-
ဒါတွေက တစ်ကမ္ဘာလုံး ခံစားရတာပါ။ အခြေခံလစာနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပိုသိသာတာပေါ့။။။

#KT

Post a Comment

Previous Post Next Post