ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရှောက်ချိန်အပါအဝင် ကိုးကန့်သူဌေး မိသားစု(၃)ခုကို တရုတ်ဖမ်းဝရမ်းထပ်ထုတ်


ပြီးခဲတဲ့ နိုဝင်ဘာ ၁၆ရက်နေ့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ “မြီရှောက်ချန်း”မိသားစုဝင်တွေကို တရုတ်က ဖမ်းစီးပြီးနောက် လောက်ကိုင်မှ ကျန်ရှိနေတဲ့ ကိုးကန့်သူဌေး မိသားစု(၃)စုထဲက ၁၀ဦးကို တရုတ်ဘက်က ဒီနေ့ ဒီဇင်ဘာ ၁၀ရက် ရက်စွဲနဲ့ ဖမ်းဝရမ်းထပ်ထုတ်လိုက်ပါတယ်။

အဲထဲမှာ ကြံ့ခိုင်ရေးအမတ်ဟောင်းလဲဖြစ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေဦးစီးဥက္ကဌဟောင်းလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်တဲ့ ပယ်ရှောက်ချိန်မိသားစုဝင် ၃ဦးလည်း ပါဝင်ပါတယ်။

တရုတ်ဘက်က ဖမ်းစီးရမိထားတဲ့ တရားခံတွေရဲ့ ထွက်ဆိုချက်ကနေ အခုလိုထပ်မံဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံက တရားရုံး (၃)ခုကနေ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

အဲထဲမှာ ပယ်ရှောက်ချိန်၊ သားဖြစ်သူ ပယ်ရင်းချိန်၊ သမီးဖြစ်သူ ပယ်ရင်းလန့်တို့ဖြစ်ပြီး နောက်သူဌေးကတော့ ဝေဟွိုင်ရန်၊ သားဖြစ်သူ ဝေချင်းစုန်း၊ သမီးဖြစ်သူ ဝေရုန်တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ဖူလီလိုက်ပိုင်ရှင်ဖြစ်သူ လျိုကျိန်ရှန်၊ လျိုကျိကွမ်း၊ လျိုကျိန်မောက်နဲ့ ရွီဖားကျိတို့ ဖြစ်ကြပါတယ်။

အဲဒီလူတွေရှိတဲ့နေရာကို သတင်းပေးပါက ယွမ်ငွေ ၁သိန်းကနေ ၅သိန်းထိ ဆုငွေချီးမြှင့်မယ်လို့ ဆိုထားပြီး အကာကွယ်ပေးသူတွေကို ဥပေဒေသနဲ့အညီ ရေးယူမှာဖြစ်ပြီး ပြင်းပြင်းထန်ထန်လက်တုံ့ပြန်သွားမယ်လို့ ဆိုထားပါ

Post a Comment

Previous Post Next Post