မျက်နှာဖုံးကို ခွာကြည့်ပါ


"စာ"
တတ်သည် မတတ်သည် အဓိကမဟုတ်ပါ ။
ဖတ်သည် မှတ်သည်သာအဓိကဖြစ်သည်....။

"စကား"
များသည် နည်းသည် အဓိကမဟုတ်ပါ ။
မှန်သည် မှားသည်သာ အဓိကဖြစ်သည်....။

"လူ"
ဖြူသည် မည်းသည် အဓိကမဟုတ်ပါ ။
စိတ်ဓာတ် ကောင်းသည် ညံ့သည်သာ အဓိကဖြစ်သည်...။

"ဘွဲ့စာရွက်ရ သူတယောက်ကလည်း
စာတတ်ဆိုတဲ့ နာမည်တစ်လုံး ခံယူနိုင်ပေမယ့် စာ,ဖတ်အား မှတ်အားနည်းလျှင် စာပေစိတ်ဝင်စားတဲ့ မူလတန်း ကျောင်းသားထက် စဉ်းစားဉာဏ်က ရှိချင်မှ ရှိလာပါလိမ့်မည်....

"အပြောကောင်းတဲ့ သူတယောက်လည်း
လူတွေယုံကြည်မှုများကို ရထားပေမယ့်
စကားနည်းတဲ့ သူတယောက်ထက် အမှန်တရား အမှန်စကားကို ပြောတတ်ချင်မှ ပြောလေပါလိမ့်မည်....

" ရုပ်ချော,လှ တဲ့သူတစ်ယောက်က ချစ်ခင်စရာ ကောင်းပေမယ့် သူ့ရင်တွင်း စာရိတ္တက ရုပ်ဆိုးလွန်းတဲ့ သူတစ်ယောက်ထက် ကောင်းချင်မှ ကောင်းနေပါလိမ့်မည်...

Post a Comment

Previous Post Next Post