Su-30 SME တိုက်လေယာဉ် ၂ စီး တပ်မတော်(လေ)၏ ၇၆နှစ်ပြည့်နေ့အခမ်းအနားတွင် တပ်တော်ဝင်၍ တပ်မတော်(လေ) သို့လွှဲပြောင်းပေးအပ်


တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကိုဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ နစကဥက္ကဋ္ဌ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ပြီး Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်၍ တပ်မတော်(လေ)သို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။
Òယခု ၁၄ ကြိမ် မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစား  ဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်ပြီး တပ်မတော်(လေ)သို့ လွှဲပြောင်းပေးခြင်းဟာ တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်အားလုံး၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက် စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက အခမ်း အနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်---

Post a Comment

Previous Post Next Post