စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ငွေကျပ် သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလို ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ငွေကျပ် သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ လှိုင်သာယာရပ်ကွက်ရှိ ဒိုကိပ်လျန်၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်တွင် ပေါင်ရှင်းလာလ်၊ မဒိမ်ရှင်းဟွဲ့နှင့် မကျိန်ရှင်းဟွဲတို့အား ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၇၇၀၀ တန်ဖိုး ရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများအား ကလေးမြို့မှ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

https://t.me/mmcnews007

Post a Comment

Previous Post Next Post