ရှက်တတ်ပါ့မလား


ကယား ပဒတ် တစ်ကောင်မီဒီယာ
မှာ ပြောထားတာတွေ့မိတယ်။ကယား
ပြည်နယ် ၈၀% ကို သူတို့ထိန်းချုပ်လိုက်
ပြီတဲ့။သူ ဘယ်အချက်ကို အခြေခံပြီး
ပြောသလဲ ဆိုတာတော့ မသိပါဘူး။

မြေပြင်သိရတာကတော့ ကယားမှာ
လွိုင်ကော်မှအပ မြို့လည်းမရှိတော့
သလို ရွာလည်း မရှိတော့ပါဘူးတဲ့။
ခေတ်သစ်က တင်ထားတဲ့ သူပုန်သိမ်း
ပိုက်ထားတဲ့ မြို့ ၁၈ မြို့မှာလည်း
ကယားကမယ်စဲ့ မြို့ တစ်မြို့ပဲပါ
တာတွေ့ရပါတယ်။

ကယားမှာရှိတဲ့
မြို့ ရွာ အကုန်လုံး နီးပါး ဟာ လူတွေ
မရှိတော့ဘဲ လယ်ထဲ ထည်ထိုးလို့
ထည်စာဖက်တွေ မွကြေသလို ကြေမွ
နေတာပဲတဲ့။စစ်ကြောင့် အကုန်ပျက်စီး
သွားပြီ။စစ်ကြောင့် ဆီးရီးယား နိုင်ငံ
အလက်စပို မြို့ ပျက်သလို ပျက်စီး
သွားတယ်လို့ တာဝန်ထမ်းဆောင်နေ
ကြတဲ့ တပ်တွေဆီကရော ဒေသ ခံ
တွေဆီက သိရတယ်။

အကောင်းကျန်နေသေးတဲ့ လွိုင်ကော်
တောင် သူတို့ ဝိုင်းဖျက်နေလို့ အခုပုံ
ထဲမှာ မြင်ရတဲ့ အတိုင်း အချို့ရပ်ကွက်
ပျက်စီးကုန်ကြပြီ။တနည်းပြောရရင်
ကယား ဟာ Failed State ပြည်နယ်
ဖြစ်သွားပြီ။

ကယားမှ မဟုတ်ပါဘူး။စစ်ကိုခေါ်တဲ့
ပြည်နယ်တွေ ၊ စစ်ကိုခေါ်တဲ့ တိုင်းတွေ
ဒေသ တွေ ဟာလည်း ပျက်စီးကုန်ကြ
ပါပြီ။Failed State ဖြစ်သွားကုန်ပြီ။

ကယားနောက် ဒုတိယလိုက်တဲ့ Failed
State ဖြစ်မဲ့ နောက်ထပ်ပြည်နယ်တစ်ခု က
ရခိုင် ဖြစ်လိမ့်မယ်။ပေါက်တော ပုဏ္ဏား
ကျွန်း ဟာ လက်တလော အကောင်းဆုံး
သက်သေပဲ။မိုခါ မုန်းတိုင်းကြောင့်
တပ်မတော်သားတွေရဲ့ လစာ ရိက္ခာတွေ
ထပ်လှူပြီး ရခိုင်ကို တည်ဆောက်ပေးခဲ့
တာ အကောင်းပတိ တိုင်း ပြန်ဖြစ်လာပြီး
မှ အခုလို ပြန်ဖြစ်သွားတဲ့ ရခိုင်အတွက်
စိတ်မကောင်း ဖြစ်ရတယ်။

အသိဥာဏ်မဲ့စွာ စစ်ပွဲ ပြန်စခဲ့တဲ့ AA
ကို လည်း ရခိုင် ပြည်သူတွေ ဒေါသဖြစ်
နေကြပြီ။မတတ်နိုင်ဘူး။ကိုယ်စိုက်တဲ့
အပင် က အဆိပ်ပင် ဖြစ်ရင် အဆိပ်သီး
ပဲ သီးပါလိမ့်မယ်။စစ်ပင်စိုက်ရင်တော့
စစ်အသီးပဲ သီးလိမ့်မယ်။စစ်အသီးက
တော့ လူမှုဒုက္ခတွေပဲ သီးမှာပါ။

တစ်ခါတလေ စဥ်းစားကြည့်မိတယ်။
မြန်မာပြည်က သူပုန်တွေဟာ ဒီကာလ
သူနဲ့ ငါ အပြိုင်ဆိုသလို စစ်ပွဲတွေ ဖန်တီး
ကြတာကို ခေတ်မီတယ်များ ထင်နေသ
လားမသိဘူး။နယ်မြေတော်တော်များများ
မှာ စစ်ကြောင့် ပျက်စီးနေတာ ၊ ပြည်သူ
တွေ ဒုက္ခ ရောက်နေတာကြည့်ပြီး သံဝေဂ
လည်း မရနိုင်ကြသေးဘူး။

ကိုယ်ကဖြင့် တိုင်းပြည်အတွက် လမ်း
တစ်ပေ မဖောက်ဖူးပေမဲ့ ကိုယ်ဖျက်ခဲ့
တဲ့ တံတားတွေ လမ်းတွေ မြို့ရွာတွေ
ကို မရေ မတွက်နိုင်အောင်ပါပဲ။
တည်ဆောက်ချိန်မှာ မပါခဲ့ပေမဲ့ ဖျက်ဆီး
ချိန်မှာ ပါခဲ့တဲ့ မှတ်တမ်းဆိုးကတော့
သမိုင်းမှာ အထင်ကရ ကျန်ခဲ့ကြမှာပဲ။

တကယ်ဆိုရင် ပြည်တွင်းစစ်ကြီးပြီး
သွားတဲ့အခါ သောင်းကျန်းသူတွေ
ဖျက်ဆီးခဲ့တဲ့ မြို့ ရွာ တွေ လမ်းတွတား
တက္ကသိုလ်တွေ ကို မပြင်ပဲ ထားလိုက်
ရမယ်။ပြီးရင် အကြမ်းဖက်မှု ပြယုဒ်
အနေနဲ့ နောင် သား စဥ် မြေး ဆက် ကို
ပြကြမယ်။နိုင်ငံတကာ နဲ့ ကမ္ဘာလှ
ခရီးသည် တွေ ပြစားကြည့်မယ်ဆိုရင်
ဒီလူတွေ ကိုယ့်လုပ်ရပ် အပေါ် ရှက်တတ်
လာမယ် ထင်ပါတယ်။

ဒါတောင် ရှက်တတ်ပါ့မလား။

ဒီလိုမှ မရှက်တတ်သေးရင်တော့
ဒီလူတွေ ဒီတိုင်းပြည်မှာ မရှိသင့်တာ
အမှန်ပဲ။

အောင်နိုင်သူ

Post a Comment

Previous Post Next Post