ပြည်တွင်းသို့ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရမည့်ကာလကို ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်


ပြည်ပသို့ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေကို ပြည်တွင်းရှိ အဆိုပါ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရမည့်ရက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၃) ဖြင့် ယနေ့ ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းထုတ်ပြန်ချက်အရ အာရှနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှစ၍ (၄၅) ရက်အတွင်း ပြည်တွင်းဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ရမည်ဟူသော ယခင်သတ်မှတ်ချက်သည် ယခုအခါ ရက် (၃၀) သာ ရရှိတော့မည်ဖြစ်သည်။

အလားတူ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှစ၍ ရက်ပေါင်း (၉၀) အတွင်း ပြည်တွင်းဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ရမည်ဟူသော ယခင်သတ်မှတ်ချက်သည် ယခုအခါ ရက် (၆၀) အတွင်း၌ မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post