လူသစ်စုဆောင်း နေခိုက် အချိန်တစ်ခုအထိတပ်မတော်ထိုးစစ်ကို ရပ်တန့်စေလိုတဲ့ ဆန္ဒ


*MNDAA ရဲ့
အတင်းအဓမ္မစစ်သားစုဆောင်မှုကြောင့်
ထွက်ပြေးနေကြရတဲ့ဒေသခံတွေက
စစ်ဘေးရှောင်တာထက်
စစ်သားအစုဆောင်းခံရမှာစိုးလို့ပြေးနေကြရတာတွေပိုများတယ်။

လောက်ကိုင်ကနေစစ်ရှောင်တွေပြန်လာကြတဲ့လမ်းမှာ
ပလောင်တိုင်းရင်းသား ကချင်တိုင်းရင်းသား
ရှမ်းတိုင်းရင်းသားဆိုရင်လူသစ်စုဆောင်းပြီးတော့ ---

ဗမာဆိုရင် ပါလာတဲ့ပစ္စည်းတွေဖုန်းတွေအကုန်သိမ်းတယ်။
လူချည်းပဲပြန်လွှတ်ပေးတယ်လို့သိရှိရပါတယ်။

ကျန်တဲ့တိုင်းရင်းသားတွေကတော့မဝင်ချင်ရင်
ပိုက်ဆံတတ်နိုင်တဲ့မိသားစုဆိုရင်
တရုတ်ယွမ် ၂၀၀၀၀ ပေးမှသာပြန်လွတ်ပေးတယ်လို့
စစ်ဘေးရှောင်လာတဲ့ ပြည်သူတစ်ဦးမှပြောကြားလာပါတယ်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေးမှာ ထိခိုက်ကျဆုံးမှုတွေများနေတဲ့ MNDAA အဖွဲ့ဟာတပ်သားသစ်တွေအသည်းအသန်စုနေကြတယ်လို့လည်းသိရှိရပါတယ်

အထက်ဖော်ပြပါ လုပ်ရပ်တွေ နှင့်

အောက်ဖော်ပြပါပုံတွေ အရ
ဆက်စပ်ကြည့်ပါက kIA အပါအဝင်
MNDAA နှင့် မျောက်သုံးကောင် ဟာ
အတော်အထိနာ၍ အကျအဆုံးများလွန်းသော်လည်း
စစ်ပွဲကို နှောက်မဆုတ်လိုသည့်အတွက်
အရေးဖော် စစ်သည် အင်အားဖြည့်တင်ရန်
ပြုန်းတီးအင်အားကို ဖြည့်တင်းရန် ကြိုတင်စီမံထားသည့်
အရံအင်အားမှာလည်း မမျှော်လင့်ပါပဲ 
ကျားဖျန် အရေးကြောင့် ဖမ်းဆီး ခံရသူနှင့်
တရုတ်ပြည်သို့ ခိုးဝင်ထွက်ပြေးသူ များ အဖြစ်
လူဦးရေ သောင်းပေါင်း များစွာ ရှမ်းမြောက်ကို စွန်ခွာ၍
တရုတ် ပြည်ထဲ ပြေးဝင်သွားသည့်အတွက်
ယခုလို အတင်းအဓမ္မ လူသစ်စုဆောင်းပြီ
ကြိုးဖမ်းနေခြင်းပါ။
ဒီလို  ဖြည့်တင်းနေရချိန်၌
တပ်မတော်မှ လေကြောင်း ထိုးစစ်ဆင်လာသည့်အတွက်
၎င်းအသံတွေ ထွက်လာခြင်းဟု ယူဆရပါတယ် ။

သူတိုအနေနဲ့ ရည်ရွယ်ချက်အထိ
လျှာက်လှမ်းမည်ဟု ဆုံးဖြတ်ထားပုံပါ။
ထိုဆုံးဖြတ်ချက် မအောင်မြင်မီ
ယခုလို အကျအဆုံးများနေမှု အတွက်
လူသစ်စုဆောင်းကာ  အင်အားဖြည့်တင်းရန်
ကြိုးစားနေခိုက် အချိန်တစ်ခု အထိ
တပ်မတော်ကို အချိန်ဆွဲစေလို၍ ပထွေးမျှော် ကာ
အော်နေခြင်းဟု ယူဆရပါတယ် ။

ဒုတိယ ခြေလှမ်း လာပါလိမ့်ဦးမယ်
ဒီအတွက် အတင်းအဓမ္မ လူသစ်စုဆောင်းကာ
အင်အားဖြည်ရန် အချိန်တစ်ခု လိုအပ်နေသည့် အနေအထားပါ ။

ကဲဒီတော့  နိုင်ငံတော် အကြီး အကဲ များ အနေဖြင့် ဘာဆက်လုပ်မလဲ ဆိုတာပဲ စောင့်ကြည့်ရမည့် အခြေအနေ တစ်ခုပါ။

Post a Comment

Previous Post Next Post