နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုများ လွဲမှားသွားစေသည့် အဓိကအချက်သည် အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား


နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုများ လွဲမှားသွားစေသည့် အဓိကအချက်သည် အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က
ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များနှင့်အညီ အဂတိကင်းကင်းနှင့် လိုက်နာဆောင်ရွက်ကြမည်ဆိုပါက ပြည်သူများ၏ ယုံကြည်မှုကိုရရှိ၍ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲမသွေဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားတစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တကို ပျက်ပြားစေသည့်အပြင် မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊
ကိုယ်ရည်ကိုယ်သွေးများကိုလည်း ကျဆင်းစေနိုင်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်မှုများ၊ နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post