စက်သုံးဆီ တန်းစီဝယ်ယူနေတဲ့ CNG ယာဉ်တွေကို စက်သုံးဆီမရောင်းပေးဖို့ ညွှန်ကြားထားဟုဆို


အချို့သော CNG သုံး Taxi ယာဉ်တွေဟာ တခြားနည်းအသုံးပြုဖို့အတွက် စက်သုံးဆီတွေကို တန်းစီဝယ်ယူနေတာကြောင့် အဲဒီ CNGယာဉ်တွေကို စက်သုံးဆီလုံးဝမရောင်းဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။

ကောလာဟလသတင်းတွေကနေ အစပြုဖြစ်ပေါ်လာတဲ့ စက်သုံးဆီ တန်းစီဝယ်ယူမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာပြီး လူအချို့ဟာဆိုရင် အခေါက်ခေါက်အခါခါ တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်လည် ရောင်းချနေတာတွေကို ကြားသိရတယ်လို့ဆိုပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီဇင်ဘာ ၁ ရက်ကနေ ၈ ရက်အထိ အောက်တိန်း 92 ဂါလန် ၆ သန်း ၇ သိန်းနီးပါး၊ အောက်တိန်း95ဂါလန် ၁ သန်း ၇ သိန်းဝန်းကျင်၊ ရိုးရိုးဒီဇယ်ဂါလန် ၆ သန်းကျော်၊ ပရီမီယံဒီဇယ်ဂါလန် ၇ သန်း ၁ သိန်းကျော် ဖြန့်ဖြူးပေးခဲ့တယ်လို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post