ထီးချိုင့်မြို့ကို အမြဲတမ်းတိုက်ခိုက်နေသည့် ရန်သူအခြေပြုနေရာကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


စစ်ကိုင်းတိုင်းဒေသေကြီး၊ ထီးချိုင့်မြို့ကို အမြဲတမ်းတိုက်ခိုက်နေသည့် ရန်သူများ၏ အခြေပြုနေရာကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့ ထီးချိုင့်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ထီးချိုင့်ဘက်မှာ သူတို့အခြေပြုပြီးတော့ ထီးချိုင့်မြို့ကို အမြဲတမ်းတိုက်ခိုက်နေတဲ့ ရန်သူ့အခြေပြုနေရာတစ်ခုကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ယနေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ဆန်ဒေသတွင် လက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Post a Comment

Previous Post Next Post