ရှေးထဲက ရာဇ၀င်နဲ့ကို ဂတိမတည်တဲ့သူများနှင့် ပလောင်သမိုင်းအကျဉ်း


ပလောင်လို့ပြောလိုက်တာနဲ့  လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးတို့၊  တို့ရဲ့ညီနောင် ရွှေပလောင်ဆိုတဲ့  စကားပုံလေးတွေ သွားမြင်ကြမယ်ထင်ပါတယ်။
-
သို့သော်  သူတို့လူမျိုးသမိုင်းက အတော်ရှုပ်ထွေးသားဗျ။  ပလောင်အများစုကလည်း သမိုင်းမှန်ကိုပြောရင် နှစ်သက်လေ့မရှိဘူး။  သို့သော် သမိုင်းအသင့်အတင့်ရှိတဲ့ ပလောင်ခေါ် တအာန်းတွေ ရာဇ၀င်မှန်ကို တင်ပြလို ပါတယ်။
-
ပလောင်ဆိုတာ မွန်မျိုးနွယ်ထဲက "၀" မျိုးကွဲလို့ခေါ်ရပါမယ်၊  ကမ္ဘောဒီးယားမှာ စစ်ရှုံးလို့ပြေးလာကြတဲ့မွန် တွေဟာ  ထိုင်းနိုင်ငံမစတင်မီ  နေရာနှစ်နေရာမှာ နန်းတည်ပြီး  ပဒေသရာဇ်တိုင်းပြည်ထူထောင်ပါတယ်၊ အဲ့တိုင်းပြည်နှစ်နေရာထဲက လက်ရှိထိုင်းနိုင်ငံထဲက (လော့ပူရီ)    ခေါ်  လ၀ပူရီဆိုတဲ့ မြို့ပြကို တည်ထောင် ခဲ့ကြတယ်၊ ဒီဒေသကို မွန်ဂိုလ်တို့တိုက်ခိုက်မှုကို ရှောင်ရင်းထိုင်းတွေဟာ ရောက်လာကြတယ်၊ အင်းအားများလာတော့  လော့ပူရီကို  သိမ်းပိုက်လိုက်ကြတယ်၊  ဒီမှာမွန်တွေက  သထုံဘက်တစ်စုနဲ့  ကျိုင်းတုံဘက်တစ်စုရွေ့ပြောင်းသွားကြတယ်။
-
ကျိုင်းတုံ နောင်တုံကန်ကြီးဟာ  ဒေသခံပျူတွေနဲ့ လ၀လူမျိုးတွေပေါင်းပြီး  တူးဖေါ်ခဲ့ကြတာ သမိုင်းမှာ အထင်အရှားရှိပါတယ်၊  နောက်ပိုင်းမှာတော့  ရှမ်းတွေကပဲ  ကျိုင်းတုံကိုထပ်မံ သိမ်းပိုက်ခဲ့ပါတယ်။ ရှမ်းတွေထံကနေ  အနော်ရထာမင်းလက်ထက်မှာ  ဗမာမင်းတွေကသစ္စာခံခိုင်း ပြန်သိမ်းယူခဲ့ပြန်ပါတယ်၊  ထိုစဉ်က  ရှမ်းရန်ကိုကြောက်ရတဲ့  လ၀  တွေဟာ  မြန်မာမင်းထံ သစ္စာခံပြီးမင်းမှုထမ်းခဲ့ကြတယ်၊  ဒါကြောင့်  ပုဂံမှာ လ၀ လူမျိုးတွေရဲ့သမိုင်းအပိုင်းစတို့လက်ကျန်ရှိနေတာကိုလည်းဖေါ်ပြနိုင်ကြပြန်ပါတယ်။
-
သမိုင်းတွေက ၁၀၀၀  ခုနှစ်၀န်းကျင်လောက်က လ၀ လူမျိုးတွေဟာ  နှစ်စုကွဲသွားကြတယ်လို့  သမိုင်းတွေ ကဆိုပါတယ်၊ ဒီအုပ်စုတွေဟာ ဘာသာစကားနီးစပ်စွာတူနေကြပါတယ်၊  ဒီအုပ်စုကတော့  အာန်း/အင် ဆိုတဲ့အုပ်စုနဲ့ ၀/လွယ်လ  အုပ်စုလိုဆိုကြပါတယ်၊  ၀/လွယ်လအုပ်စုဟာ  ကျိုင်းတုံ စော်ဘွားထံသစ္စာခံတာ တစ်ခါတစ်ရံရှိပြီး  တစ်ခါတစ်ရံ ယူနန် တရုတ်များထံသစ္စာခံကြတယ်လို့  သမိုင်းတွေက ဆိုပြန်တယ်၊  အာန်း/အင်အုပ်စုကတော့ ယူနန်တရုပ်ထံမှာသစ္စာခံတာများတယ်လို့သာဆိုရမှာဖြစ်တယ်။
-
ခရစ်  ၁၃၀၀  ခုနှစ်လောက်မှာ ယူနန်ဘုရင်ရဲမြှောက်စားမှုနဲ့  ဗမာနယ်ပယ်များကို သိမ်းပိုက်ဖို့  အန်းခေါ် ပလောင်တွေဟာ  အခြေနေတွေပေးလာပါတယ်၊  ဒါကြောင့်  ယူနန်နယ်စပ်ရှိ  ရှမ်းနယ်လေးတွေကို သွေးတိုး စမ်းတိုက်ခိုက်လေ့ရှိပါတယ်၊  ထိုစဉ်က  ကျိုင်းတုံဒေသကို ယွန်းရှမ်း(ဇင်းမယ်) က  မကြာခန သိမ်းပိုက်လေ့ ရှိတာကြောင့်  ကျိုင်းတုံ၏ စစ်အင်အားမှာ  သိပ်မကောင်းလှပေ၊  ဒါကြောင့် ပလောင်တွေဟာ  မြောက်ပိုင်း ရှမ်းနယ်တွေကို သိမ်းပိုက်ရင်း တစ်ဖြေးဖြေး မန္တလေးနားအထိ  တိုးချဲ့  ဆင်းလာနိုင်ခဲ့ကြတယ်။
-
အာန်း(ပလောင်)တွေ  ဘုန်းတန်ခိုးအကြီးဆုံးကာလကိုပြောရလျှင် ၁၇၀၀ နောက်ပိုင်း  ပလောင်ဘုရင်ကြီး ဂုဏ္ဏအိမ်  လက်ထက်ဟုဆိုရပေလေ့မည်။  သူလက်ထက်  သူလက်ထက်မှာ မန္တလေးအနားရှိ  ဧရာ၀တီကမ်း ခြေထိ  နယ်မြေတိုးချဲ့နိုင်ခဲ့သလို  ပတ္တမြားမြေမိုးကုတ်မြို့မှာ  သက်ငယ်နန်းတည်ဆောက်ပြီး နန်းထိုင်နိုင်တဲ့ အခြေအနေထိ အင်အားကောင်းခဲ့ကြတယ်၊ အောက်ပိုင်းမှာမွန်တို့ အင်အားကောင်းနေသလို အထက်ပိုင်းမှာ မြန်မာအခေါ်  (ကွေ  ပလောင်)တွေဟာ အင်အားကောင်းခဲ့ကြတယ်။
-
ထိုစဉ်က  ရှမ်းနီတွေကို  ပလောင်က ဖမ်းဆီးပြီး လူသစ်စု ခံနေရသလို   တရုတ်နိုင်ငံ ဖိမော်ဘက်ရှိ ရှမ်းရိုင်းခေါ်  စိန်းဖေါ/ဂျိန်းဖောတွေကလည်း  ၀င်ရောက်တိုက်ခိုက်ခံနေကြတယ်၊ မဏိပူရ ကသည်းတို့ဟာလည်း  ရှမ်းနီဒေသကို သိမ်းပိုက်လျှက် ဖျက်ဆီးလျှက်ရှိပါတယ်၊ ထိုကာလဟာ ရှမ်းနီတွေအတွက်  ဝါးအစည်းပြေနေတဲ့ကာလလို့ခေါ်နိုင်သလို  ဗမာမင်းတွေဟာလည်း သူတစ်လူငါ တစ်မင်းအဖြစ် အုပ်စိုးနေတဲ့  ကာလပေါ့၊  ဗမာတွေပြိုကွဲတာကိုအကြောင်းပြုပြီး  မွန်တို့ဟာ  အင်း၀ကိုသိမ်းပါတယ်။
-
ဒီနောက် အလောင်းမင်းတရား ဦးအောင်ဇေယျ ဆိုတဲ့ မင်းပေါ်ပေါက်လာပါတယ်၊  ဒီမင်းလက်ထက် မွန်တို့ က အောက်ကတိုက်   အပေါ်ကကွေတို့ကတိုက်ပြီး ဗမာမင်းတို့ကို  အပြီးတိုင်ချေမှုန်းရေး လုပ်ကြပါတယ်၊ ဒီကစပြီး  (ကွေ ပလောင်)တို့နဲ့ ဗမာမင်းရာဇ၀င်စတယ်ဆိုရပါလေ့မယ်။  သို့သော်ဗမာမင်း အလောင်းတရား က မွန်ရန်ကို အထူးအောင်မြင်သည်ကိုကြားသိရ၍၊ တစ်ချိန်က စစ်အင်းအားပြိုင်ဘက်ဖြစ်သော်လည်း အရေး ကြုံလာလျှင်  သွေးနှီးနိုင်သည်ကိုသိထားသော ရှမ်းနီစော်ဘွားအပါ၀င် ရှမ်းစော်ဘွားတွေဟာ နှစ်ဖက်အကျိုး ရှေးရှူနိုင်ရန်အတွက် ၊  ဦးအောင်ဇေယျထံသစ္စာခံခဲ့ကြတယ်။
-
ဗမာမင်းကလည်း  ရှမ်းတွေရဲ့ဒုက္ခကို  စာနာသောအားဖြင့်    ရှမ်းရိုင်းခေါ်  စိန်းဖေါ/ဂျိန်းဖေါတို့ရန်ကို  ကာကွယ်ရန်  ကောင်းတုံနဲ့  ဂေါ်ဖန်ထိ ချီတက် သိမ်းပိုက်လိုက်တယ်၊  ထိုမှရလာသော  သုံပန်း ဂျင်းဖေါ အင်အား ၂၀၀၀ ကိုလည်း ကသည်းရန်ကို တိုက်ရန်အသုံးပြု၍ မဏိပူရထိ သိမ်းပိုက်ပေးခဲ့ပြန်တယ်၊    နောက်ထပ်ရှမ်းနီတို့ရဲ့  အဓိကရန်ဆွယ်ဖြစ်တဲ့  ကွေပလောင် တို့ကားအင်အားကောင်းစဲပင်ရှိနေသေးသည်။ သို့သော်  ကွေဘုရင် ဂုဏ္ဏအိမ်ကား  ကတိမရှိ

လိမ်လည်ဖျားယောင်းတတ်သူအဖြစ်  ထင်ရှားတယ်၊ ဒါကြောင့်  အလွယ်တိုက်ခိုက်ရန်က  မလွယ်လှသေးပေ။
-
မွန်မင်း ဥပရာဇာက အ၀ မြို့ကိုသိမ်းပြီး   မုဆိုးဖိုရွာထန်းလုံးတပ်ကို သစ္စာခံခိုင်းစဉ်ကပင်  ကွေမင်း ဂုဏ္ဏအိမ် ကလည်း  သူ့ထံသစ္စာခံရမည်ဖြစ်ကြောင်း သံ ၂၀ ဖြင့်  သစ္စာခံလွတ်လေသည်၊  ထိုစဉ်က  အလောင်းမင်း တရားကြီးက  ကွေထံရော မွန်ထံတွင်ပါ သစ္စာမခံနိုင်ကြောင်း ကောင်းမွန်စွာ ပြော၍ ပဏ္ဍာများဖြင့် ပြန်လွှတ်သည်၊  ပြန်လွှတ်ချိန် သားတော်နဲ့ အမတ်တွေကို မင်းတရားပြောသောစကားက  ရှင်း၏၊  (မွန်ထံသစ္စာခံတဲ့  မြို့ရွာတွေလည်း မီးတိုက်ဖျက်ဆီးခံရပြီးပြီဖြစ်တယ်၊ ကွေထံသစ္စာခံရတဲ့ ရွာတွေလည်း မီးတိုက်ဖျက်းဆီး မိန်းမပျိုတွေသိမ်းခံရပြီ ဒါကြောင့် ငါသစ္စာမခံနိုင်ပြီ ။)
-
အားလုံးက  စစ်နှစ်ဖက်ညှပ်နိုင်ကြောင်း ပြောသော်လည်း  မင်းတရားက  သစ္စာခံတဲ့  သာစည်မင်းတောင် ယခု ထောင်ထဲမှာ ဖမ်းထားပြီဖြစ်ကြောင်း  ဂုဏ္ဏအိမ်ဟာ ဂတိမတည်သောမင်းဖြစ်ကြောင်းပြောလေသည်။ အ၀ မင်းထံသစ္စာခံမယ်ဟု ကတိခံပြီး ပို၀ အရပ်မှာ အ၀  စစ်သည် ၅၀၀၀ ကိုဖိတ်၍ သစ္စာခံပွဲ ပြုလုပ်ပေးတယ်၊ ဒီပွဲတည်ခင်းတဲ့ သေရက်ထဲ အလွန်မူးစေတဲ့  ဆေးများထည့်  တည်ခင်းခဲ့တယ်၊ အလွန်မူးချိန်ရောက်မှတောထဲကထွက်လာပြီး  အ၀ စစ်သည်တွေကိုထိုးခုတ်သတ်ဖြတ်ခဲ့တဲ့  လုပ်ရပ်ဟာ  ကတိမတည်တဲ့ မင်းရဲ့လုပ်ရပ်ဖြစ်တယ်  ယုံရန်မလိုဟုမိန့်၏။
-
ထိုတုန်းက ဂုဏ္ဏအိမ်က ငါ့စကားကို ယုံတဲ့ အ၀  သားတွေ ဘယ်နှယ်ရှိစဟု ကြုံးဝါးခဲ့ပြီး  လှေ ၂၀၀ ကျော်နှင့်  လက်နက်များစွာကို သိမ်းခဲ့ဖူးတာ မမေ့ကြနဲ့၊ ခုလည်း အကြံဆိုးသာရှိမည်ဟု  မိန့်တော်မူ၏။
-
ထိုအတူ  အလောင်းမင်းတရားထံ  ဒုတိယအကြိမ် တရုတ်၀န် ဆိုသူဦးဆောင်ပြီး  လူ ၃၀၀ ကျော်နှင့် ကန္နားထိုးပြီး သစ္စာခံရန်  သံအမတ်နှင့်အတူ အကြောင်းကြားလာလေပြန်သည်။  ထိုအကြောင်းကိုသိရန် သွားစုံစမ်းခိုင်းသော်  အမှန်ပင်  အကောက်ကြံရန်စီစဉ်ထားကြောင်းသိရလေသည်။
-
ဒါကြောင့် ကန္နားထိုးထား၍ စောင့်နေသော  လူ ၃၀၀ ကို ကြိုတင်ဖမ်းဆီး ကွပ်မျက်လိုက်သည်၊ ဂုဏ္ဏအိမ်၏ ညီ ငနက်နှင့် တရုတ်၀န်ငကျော်ကိုပါ ဖမ်းဆီးကွပ်မျက်လိုက်သည်။  ထိုချိန်ကစ၍  ကွေတို့သည်  ဧရာ၀တီ အနောက်သို့ လုံး၀ ကူးမလာရဲတော့ပေ၊  ရှမ်းစော်ပွားများ၏ လျှောက်ထားချက်ကြောင့်  ရှမ်းပြည်တစ်လွှားရှိ  ကွေတပ်များကိုလည်း  နှိမ်နင်းပေးပါရန် လျှောက်ထားသည်မို့   ၁၇၅၈ခု ဖေဖဝါရီ ၅  ရက်နေ့တွင်နေရာအနှံ့ လိုက်လံချေးမှုန်းခဲ့ရာ ကွေတို့ဟာ ကွေတပ်မ ရှိရာ တောင်သုံးဆင့်သို့ ထွက်ပြေးသွားကြတယ်။
-
ဦးအောင်ဇေယျ၏ တပ်များကလည်း တောင်သုံးဆင့်ထိ လိုက်လံတိုက်ခိုက်ခဲ့ရာ  ကွေတပ်ပျက်၍ များစွာ ကျဆုံးသွားကြသည်။  ထိုအတူ  မိုးမိတ်ရှိ ရှမ်းနီတပ်တော် ဒေ၀ရဲသူတို့က တပ်ကလည်း  မိုးပြေးရှိ  ကွေများနှင့် ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်ခဲ့ရာကွေစစ်သည် (၁၀၀၀)ကျော်သေဆုံးပြီး၊  ထွက်ပြေးကြပြီး ကျောက်ဖြူတောင်မှာ ခံစစ်ပြင်ခုခံကြပြန်ရာ ထိုတိုက်ပွဲတွင် ကွေစစ်သည်တို့ များစွာသေဆုံးပြီး တပ်ပျက်လေသည်။
-
ထိုစဉ် ကွေဘုရင် ဂုဏ္ဏအိမ်ဟာ တရုတ်ပြည်သို့ထွက်ပြေးပြီး  မိုင်းလျဉ်းရှမ်းစော်ဘွားမြို့တွင်ခိုလှုံနေလေ၏။  ဂုဏ္ဏအိမ်ဟော်၀င်ခိုက်  စော်ဘွားကသူ့သမီးအား သိမ်းယူသဖြင့်  ပြန်ရောက်သော် ဂုဏ္ဏအိမ်နှင့်  အချင်းများကာ  စော်ဘွားကိုသဋ်၍  မြို့ကိုပါမီးတိုက်လေသည်၊  ဒါကိုမကြေနပ်သဖြင့်  စော်ဘွား၏  လူများစစ်သည်များက ဖမ်းဆီး၍  မိုင်းဆည်း  ခုံးတူထံ အပ်နှံရာ ခုံးတူက ကွပ်မျက်လိုက်လေသည်။
-
ဂုဏ္ဏအိမ်၏  မယားငယ်နှင့်  ဆရာဘုန်းကြီးကိုလည်း  ရပ်ဝေးသို့ပိုစေ၏။  ၁၇၅၆ တွင် ခိုလှုံလာသော  ဂုဏ္ဏအိမ်၏ တပည့်  ဗညားနွဲ့နှင့်မိန်းမ  ယောက်ျား  ၂၀၀ ကျော်ကို  မိုင်းဆည်ကျေးဆူရုံမြို့တွင်  ဓားမြေပေး၍  နေရာချပေးစေလေသည်၊  ထိုနောက်ပိုင်း  ကွေ~ ပလောင်~အန်း~တအာန်း  တို့သည် အင်းအားပြိုကွဲသွားပြီး မထကြွနိုင်တော့ပေ၊ သို့သော်  ဗြိတိသျလက်ထက်  ကွေပလောင်အင်အားမှာ  တရုတ် ဘက်မှ  ကူးပြောင်းလာသူများပြားလာခြင်းကြောင့် ကွေ  ပလောင်အင်အားမှာ  သိန်းဂဏန်းထိ တိုးတက် လာခဲ့သည်။
-
ယ္ခုအခါ   ကွေ ပလောင်  ခေါ်  တအာန်းတို့သည်၊  PSLF ဆိုသည့်အဖွဲ့မှ  TNLA ဆိုသော လက်နက်ကိုင်တစ်ဖွဲ့ကို  ဦးဆောင်ကာ  ရှမ်းပြည်သူများ  အခြားတိုင်းရင်းသားများကို  ဂုဏ္ဏအိမ်လက်ထက် ကလို  နိုင်လိုမင်းထက်  လက်နက်ကိုင်ဗိုလ်ကြလျှက်  ရှိလာပြန်လေသည်၊  ဒီတစ်ခါရှမ်းနှင့်  ဗမာညီညွတ်ပြီး  ဒီတစ်ခါ  တန်ပြန်ခဲ့မိလျှင်တော့  TNLA သည်လည်း  ဂုဏ္ဏအိမ်တပ်လိုပဲအဆုံးသတ်ရပါလေ့မည်၊  ယနေ့  ရှမ်းနှင့်  အခြားတိုင်းရင်းသားတွေရဲ့  ဘ၀သည်  မြန်မာတပ်မတော်နှင့်  RCSS/SSPPရှမ်းတပ်များ ပူးပေါင်း ညီညွတ်ပြီး  ဖြေ ရှင်းနိုင်မည်ဆိုပါက၊  သမိုင်းမှာပင်  ကတိမတည်သူ  ခေါင်းဆောင်ခဲ့သည့် ကွေတပ်လို  ကလိန်ကကျစ်အကျဆုံး TNLA တပ်များကိုအဆုံးသဋ်၍  ရှမ်းပြည်အား မြန်မာနိုင်ငံအတွင်းတွင်  ရှမ်းများအုပ်ချုပ်ခွင့်ပြန်လည်ရလာမည်ဟု  မျှော်လင့်မိပါသည်။

အိုက်ဖီလုံ
မိုင်းတုံမြို့၊ဟွေအော၊ ဝတောင်ပိုင်း။
# copy credit  owner

Post a Comment

Previous Post Next Post